တနင်္သာရီ၊ မတ် ၂၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာအနီးမှာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီခန့် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြတ်ကို လမ်းကြောင်း လုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ ဘုတ်ပြင်းဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောက့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

” လုံခြုံရေး ယူပြီးပြန်လာတဲ့ အဖွဲ့လို့တော့ သိရတယ်။ ထိခိုက်မှုတော့ရှိတယ်။ ကား ၃ စီးမှာ စစ်ကောင်စီတပ်သားတွေလဲ တော်တော်ပါတယ်။ မိုင်းဆွဲခံလို့ ၅ လောက် ဒဏ်ရာရသွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လာမယ့် စစ်ကောင်စီရဲ့ တပ်မတော်နေ့အတွက် အကြိုတိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.