ဖနွမ်ပင်၊ မတ် ၄

လွန်ခဲ့သောနှစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခများဖြစ်ပေါ်နေသော တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးဖြစ်စဥ်တစ်ရပ် အစပြုရန် ကြိုးပမ်းအားထုတ်မှု တစ်ရပ်အဖြစ် အာဆီယံအထူးကိုယ်စားလှယ်သည် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဥ်ထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ 

လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆွန်ခွန်သည် လွန်ခဲ့သော လအတွင်းက အဖယ် ရှားခံ အတိုက်အခံများအပါအဝင် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံခွင့်ပြုဖို့ အုပ်ချုပ်ဆဲ မြန်မာ့စစ်ဗိုလ်ချုပ်များ ထံ တောင်းဆိုခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ချွန်ဆောယန်ရီက ပရာ့ဆွန်ခွန် ခရီးစဥ်ကို စီစဥ်နေဆဲဖြစ်ပြီး အကြမ်းဖျဥ်းအချိန်သတ်မှတ်ချက်အဖြစ် မတ်လ ၂၀ မှ ၂၃ အထိ စီစဥ်ထားသည်ဟု မီဒီယာများသို့ အတည်ပြုပြော ကြားခဲ့သည်။ 

အာဆီယံသံအမတ်အနေဖြင့် မည်သူကို တွေ့ဆုံနိုင်သည်ကိုမူ ဖြေဆိုရန် ချွန်ဆောယန်ရီက ငြင်းဆိုခဲ့သည်။ 

မြန်မာစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူသည် မှတ်ချက်တစုံတရာပြုနိုင်ရန်အတွက် တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပါ။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးနှင့် အားလုံးအကျုံးဝင်သော ငြိမ်းချမ်းရေး ဖြစ်စဥ် အတွက် အထောက်အပံ့ပြုနိုင်ရေးအပါအဝင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ယမန်နှစ်အတွင်း စစ် ခေါင်းဆောင်မှ သဘောတူထားခဲ့သည်။ 

အချို့သော အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာစစ်တပ်၏ လိုက်နာဆောင်ရွက်မှု ပျက်ကွက်သည့် အပေါ်  စိတ်ပျက်နေခဲ့ကြပြီး တိုးတက်မှုတစုံတရာဖြစ်‌ပေါ်သည့်အထိ ဒေသတွင်း အစည်းအဝေးကို တက်ရောက် ခွင့်မပေးဖို့ စစ်ဗိုလ်ချုပ်များကို ပိတ်ပင်ထားခဲ့သည်။ 

မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံရှိ ဖြစ်ရပ်များအပေါ် အနောက်မီဒီယာများ၏ ဖော်ပြချက်သည် ဘက်လိုက်မှုရှိ သည်ဟု စွပ်စွဲထားပြီး ၎င်းတို့သည် လူအများကို အကြမ်းဖက်မှုများမှ ကာကွယ်ပေးရန် ကြိုးစားနေခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားသော ဆန္ဒပြပြည်သူ ၄၈၀၀၀ကျော်ကိုလည်း ပြန်လွှတ်ပေးထားသည် ဟု တနင်္လာနေ့‌ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.