ဘန်ကောက်၊ မတ် ၅

ယူကရိန်းသို့ ရုရှားကျုးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သည်ဟုဆိုသည့် ထိုင်းအစိုးရအဖွဲ့၏ ရပ်တည် ချက်ကို ရယူရန် ဘန်ကောက်မြို့ရှိ သံအမတ် ၂၅ ဦး၏ တောင်းဆိုချက်ကို ဝန်ကြီးချုပ်ပရရွတ် ချန်အိုချာမှ ဘေးဖယ်ထားခဲ့ပြီးဖြစ်သည်။ 

အင်္ဂါနေ့က ကျင်းပသော အပတ်စဥ် အစိုးရအစည်းအဝေးအပြီး ဝန်ကြီးချုပ်က သတင်းထောက်များသို့ ပြောကြားရာတွင် “ကျွန်ုပ်တို့နဲ့ ဒီကိစ္စအ‌ပေါ် မျှချေကိုပဲ ထိန်းသိမ်းဖို့လိုတယ်” ဟုပါရှိသည်။ 

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော စင်ကာပူသည် ထိုကျူးကျော်စစ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဆိုင်ရာ သတိပေးထုတ်ပြန်ချက်များထက်ပိုသော တုံ့ပြန်မှုတစ်ရပ်ရှိခဲ့သည်။

သံတမန်များသည် နိုင်ငံခြားရေး အမြဲတမ်းအတွင်းရေးမှူး ထာနီထွန်ပက်ဒီ ထံသို့ တနင်္လာနေ့၌ ရောက်ရှိ လာခဲ့ချိန်တွင် ထိုင်းနိုင်ငံသည် ထိုထုတ်ပြန်မှုကို ပြောင်းလဲရန် ဖိအားအောက် ကျရောက်ခဲ့သည်။

ကုလအဖွဲ့ဝင်နိုင်ငံတစ်ခုလည်းဖြစ်သောကြောင့် ထိုင်းနိုင်ငံအနေဖြင့် မူဝါဒအခြေပြု နိုင်ငံတကာဖြစ် စဥ်အတွက် ထုတ်ဖော်ပြောဆိုရန် အဆိုပါ ကျူးကျော်စစ်အတွက် ရှုံ့ချကြောင်း ထုတ်ပြန်ရန် ထိုသံတမန် များမှ တောင်းဆိုခဲ့သည်။ 

လွန်ခဲ့သော ကြာသပတေးနေ့ ကျူးကျော်စစ်စတင်ချိန်ကတည်းက ထိုင်းဘုရင့်နိုင်ငံသည် ကြားနေ သဘောဆောင်ခဲ့ပြီး ဆွေးနွေးမှုများဖြင့် ပြင်းအားများကို ညှိနှိုင်းအဖြေရှာရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနမှ တိုက်တွန်းခဲ့သည်။ အာဆီယံသည်လည်း စနေ့နေ့က ထို အသံအတိုင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

သံအမတ်များ၏ တောင်းဆိုချက်ကို ပရရွတ်က အာဆီယံ၏ထုတ်ပြန်ချက်ကို မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့ပြီး “ဒါဟာ အခုအခါမှာ ဒေသန္တရကိစ္စရပ်ဖြစ်လာပြီ” ဟု ပြောကြားခဲ့ကာ အာဆီယံ အနေနဲ့ ၎င်း၏ အနေအထားကို ထုတ်ပြန်ရှင်းလင်းထားသလို နိုင်ငံများသည်လည်း ကိုယ်ပိုင်ရပ်တည်ချက်ကို ကြိုတင်နှပ်ကြောင်းပေးခြင်းမှ ရှောင်ရှားဖို့ တောင်းဆိုလိုက်ပြန်ပါသည်။ 

ဒေသတွင်း သတင်းအစီရင်ခံမှုများအရ ကြားနေအဖြစ်နေထိုင်ခြင်းနှင့်အတူ ဘုရင့်နိုင်ငံနှင့် ရုရှားအကြား ရှည်ကြာသော ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့သည်ဟု ပရရွတ်မှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

တနင်္လာနေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ ရုရှာသံအမတ် Evgeny Tomikhin က ထိုင်းဖူခက်ဒေသန္တရ ဒုတိယ အဆင့် အုပ်ချုပ်သူအရာရှိနှင့် တွေ့ဆုံမှုတစ်ရပ်ကျင်းပခဲ့သည်။ ထိုတွေ့ဆုံမှုသည် ယူကရိန်းသို့ မတိုက်ခိုက်မီတွင် တွေ့ဆုံခဲ့သည်ဟုဖြစ်နိုင်ချေရှိပြီး ၎င်းအခြေအနေသည် ပေ့ါလျော့မှုအနေအထားတစ် ခုအဖြစ် အွန်လိုင်းတွင် အပြင်းအထန်ဝေဖန်ခဲ့ကြသည်။ 

ရုရှားသည် ထိုင်းနိုင်ငံအတွက် အရေးကြီးသော စီးပွားရေးမိတ်ဆက်ဖြစ်ပြီး အထူးသဖြင့် အဓိက ခရီးသွား ဧည့်သည် အများဆုံးရရှိနိုင်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.