ကိဗ်၊ မတ် ၄

ယူကရိန်းရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကို ရုရှားက တိုက်ခိုက်ပြီးနောက် မီးလောင် ခဲ့ကြောင်း ဒေသန္တရမြို့တော်ဝန်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ (Zaporizhzhia) နျူကလီးယားဓာတ်အားပေးစက်ရုံသည် ရုရှားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု ကြောင့် စက်ရုံ၏အပြင်ဘက်ရှိ လေ့ကျင့်ရေးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် အရေးပေါ်ဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက Zaporizhzhia စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ကို ချက်ချင်းရပ်ဖို့ ရုရှားစစ်တပ်ကို တောင်းဆိုလိုက်သည်။

“မီးကလောင်နေပြီ။ ပေါက်ကွဲလျှင် ချာနိုဘိုင်း ထက် ၁၀ ဆ ပိုကြီးလိမ့်မည်။ ရုရှားတို့အနေနဲ့ အပစ်အခတ်ရပ်ကြဖို့ ချက်ချင်းလုပ်ရမယ်၊၊ မီးသတ်သမားများကိုခွင့်ပြုပြီး လုံခြုံရေးဇုန်တစ်ခုထူထောင်ရမည်ဟု” ကူလီဘာက တွစ်တာတွင် ရေးသားခဲ့ပါသည်။ 

ယူကရိန်းသည် ဆိုဗီယက်ယူနီယံ၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့စဉ်က ၁၉၈၆ ခုနှစ်တွင် ချာနိုဘိုင်းနျူကလီးယား ဓာတ် အားပေးစက်ရုံတွင် မတော်တဆမှုဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံး နျူကလီးယားဘေး အန္တရာယ်ဟု ယူဆခဲ့သည်။

ယူကရိန်းနိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက မီးလောင်ကျွမ်းမှုသည် “အရေးကြီးတဲ့ စက်ကိရိယာများကို ထိခိုက်ခြင်းမရှိကြောင်းနှင့် စက်ရုံဝန်ထမ်းများသည် “လျော့ပါးသက်သာရေးလုပ်ဆောင်မှုများ” လုပ်ဆောင်နေ ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ စကားပြောဆိုခဲ့ပြီး ခေါင်းဆောင်တွေက ရုရှားနိုင်ငံကို “နယ်မြေအတွင်း သူ့ရဲ့ စစ်ရေး လှုပ်ရှားမှု တွေကို ရပ်တန့်ဖို့နဲ့ မီးသတ်သမားတွေနဲ့ အရေးပေါ် တုံ့ပြန်ရေးသမားတွေ အဲဒီနေရာကို ဝင်ရောက်ခွင့်ပြုပါ” လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ .

ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရပ်ဖီလ်ရယ် ဂရော့စီက ရုရှားနှင့် ယူကရိန်း တပ်ဖွဲ့ များအား (Zaporizhzhia) နျူကလီးယား ဓာတ်အားပေးစက်ရုံ ဧရိယာတွင် တိုက်ခိုက်ခြင်း မပြုရန် ကြာသပတေး နေ့တွင် တောင်းဆိုခဲ့သည်။

“ငါတို့ ဘယ်လောက် စိတ်ပူရမှာလဲ။ အပြင်ဘက်ခြမ်းမှာ ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေအကြောင်းပြောရင် စိတ်မပူပါနဲ့”အကယ်၍ စက်ရုံ၏ အရေးပေါ်တုံ့ပြန်မှုများ မရှိတော့ပါက မတော်တဆ အပေါ့စားလက်နက်များဖြင့် ပစ်ခတ်ခြင်းထက် ပိုမိုကြာမြင့်မည်ဆိုလျှင် ကျွန်ုပ်တို့ မျှော်လင့်နိုင်သည့် အဆိုးဆုံးအခြေအနေမှာပါရှိတဲ့ “TMI” ပုံစံ မတော်တဆမှုဖြစ်နိုင်သည်” ဟု Radiant Energy Fund ၏ မန်နေဂျင်းဒါရိုက်တာ မာ့ခ်နယ်လ်ဆင်က Pennsylvania ရှိ 1979 Three-Mile Island အဖြစ်အပျက်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.