February 15, 2022

စစ်ကောင်စီတပ်တွေ ဖျက်ဆီးထား၍ ယူစရာ ဘာမှမကျန်တော့ဟု လွိုင်ကော်စစ်ဘေးရှောင်တွေပြော

လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၅ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ လွိုင်ကော်က စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ နေအိမ်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးထားလို့ ယူစရာမကျန်တော့ဘူးလို့ ပြောကြပါတယ်။ လက်ရှိမှာတော့ ကရင်နီ ပြည်နယ်(ကယား)ရဲ့မြို့တော် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ပစ္စည်းလိုအပ်ချက်တွေကြောင့် နေအိမ်ပြန်ပြီး ပစ္စည်းယူမယ့် စစ်ဘေးရှောင်တွေဟာ ယူစရာပစ္စည်းတွေ ဖျက်ဆီးခံထားရတာကြောင့် ဘာမှမကျန်နေဘူးလို့ ပြောပါတယ်။…

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရှက်ဖို့ ကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ဝေဖန်ခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅) အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ မတိုင်ခင် အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် အကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း…

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆက်လက်ဖမ်းဆီးခံနေရ

ကန်ချနဘူရီ၊ ဖေဖော်ဝါရီ ၁၄ ထိုင်းနိုင်ငံအနောက်ဘက်နယ်စပ်ကနေတဆင့် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၂ ဦးကို ပြီးခဲ့တဲ့ စနေ့၊ တနင်္ဂနွေနေ့တွေမှာ နယ်စပ်စောင့်ကြည့်ရေးတပ်တွေက ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အဖွဲ့ (၈)ဖွဲ့ခွဲကာ ဝင်ရောက်လာတာဖြစ်ပြီး နေရာ(၄)ခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေအထဲမှာတော့ အမျိုးသား ၉၁ ဦးနှင့် အမျိုးသမီး ၅၁ ဦးပါဝင်ပြီး နယ်စပ်ဖြတ်ကျော်မှုကို…