ဘန်ကောက်၊ ဖေဖော်ဝါရီ ၂

လူမှုမီဒီယာပေါ် ရှိ သတင်းတုများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်အတွက် ပူးပေါင်းအားထုတ်မှုတစ်ရပ်အဖြစ် မတူကွဲပြားသော အဆင့် ၃ ဆင့်တွင် စင်တာများကို သတ်မှတ်သွားမည်ဟု ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ထန်နာကွန် ဝန်ဘွန်ကွန်ချနာက ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ လူထုအနေဖြင့် မှန်ကန်သော သတင်းအချက်အလက်ကို ရရှိမှုအား သေချာစေရေးအတွက် လူမှုမီဒီယာပေါ်ရှိ သတင်းအတုများနှင့် မှားယွင်းသော သတင်းအချက်အလက်များ ကို ဖြိုခွင်းထိန်းချုပ်ရန် ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော စည်းမျဥ်းဥပဒေတစ်ရပ် ကို အစိုးရအဖွဲ့က အင်္ဂါနေ့ တွင် အတည်ပြုခဲ့သည်။ 

မစ္စတာ ထန်နာကွန် က “စည်းမျဥ်းဥ‌ပဒေအသစ်အောက်တွင် သတင်းတုများကို ထိန်းချုပ်နိုင်ရေးအတွက် စုစည်းကြိုးပမ်းဖို့ စင်တာ ၃ ခုကို တည်ဆောက်သွားမည်” ဟု ပြောကြားခဲ့သည်။ 

ဒစ်ဂျစ်စီးပွားရေးနှင့် လူမှုအသိုက်အဝန်းဝန်ကြီးဌာန Ministry of Digital Economy and Society (MDES) ၏ အမြဲတမ်းအတွင်းဝန်ရုံးသည် ဗဟိုချိတ်ဆက်‌ရေး စင်တာတစ်ခုကို တည်ဆောက်မည်ဖြစ်ကာ အဓိက စင်တာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ရန် အခြားသော ဝန်ကြီးဌာန အသီးသီး သည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ချိတ်ဆက်ရေးစင်တာကို တည်ဆောက်ရမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိ‌သော ခရိုင်/ဒေသန္တရ အုပ်ချုပ်ရေးဦးစီးဌာနသည် ခရိုင်/ဒေသန္တ ရ အုပ်ချုပ်သူ၊ လက်ထောက် ခရိုင်/ဒေသန္တရ အုပ်ချုပ်သူ တစ်ယောက်ဦးစီးစေကာ ခရိုင်အသီးသီးတွင် ထိုကဲ့သို့ သော စင်တာများကိုလည်း သတ်မှတ်ထားရှိသွားမည်။ 

သတင်းတုများကို စိစစစ်တွေ့ရှိသည့်  အခင်းအကျင်းတွင် စည်းမျဥ်းဥ‌ပဒေအသစ်အရ သက်ဆိုင်ရာအရာရှိ များမှ လူထုကို ချက်ချင်း အသိပေးရမှာဖြစ်ပြီး ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မှန်ကန်သော သတင်း များကို တစ်နာရီအတွင်း အတည်ပြုကာ ပါဝင်ပတ်သက်သော သတင်းမှားဖြန့်ဝေသူကိုလည်း ဥပဒေကြောင်း အရ အရေးယူမည်ဟု  အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။  

သက်ဆိုင်ရာ အာဏာပိုင်များမှလည်း ထိုသတင်းအမှားများကို ကွန်ပျူတာ စနစ်မှတဆင့် တစ်လျှောက်လုံး ဖယ်ရှားနိုင်ရန်အတွက် MDES သို့ မေးမြန်ရမည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

မစ္စတာ ထန်နာကွန် က “လူထုကို ထိခိုက်စေမယ့်၊ အထူးသဖြင့် လူမှုရေးရာကွဲပြားမှုတွေကို ဖြစ်စေတဲ့ သတင်းအချက်အလက်တွေ၊ နိုင်ငံ့ ဂုဏ်သိက္ခာနဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ သတင်းအချက်အလက်တွေ အဲ့သလို သတင်းတုတွေကို ဖြေရှင်းနိုင်ရေးအတွက် ဒီမူကြမ်းက နည်းပေးလမ်းပြတစ်ခုအဖြစ် ရှိမှာပါ”ဟု ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.