ဘန်ကောက်၊ ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံအ‌ရှေ့ဘက်ပိုင်းရှိ ယိုဖိတ်နေသော ဆီယိုကွက်များကြောင့် သန္တာကျောက်တန်းများကို ပျက်ဆီး မှု ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် အာဏာပိုင်များအနေဖြင့် အပူတပြင်း ‌ဆောင်ရွက်နေပြီး အဆိုပါ ဆီယိုကွက်များသည် လွန်ခဲ့သော ရက်သီတင်းပအတ်အတွင်း ဖြစ်ပေါ်ခဲ့ကာ ကျယ်ပြန့်သော ကမ်းရိုး တန်း ဧရိယာများဆီသို့ စီးမျောသွားနေခဲ့သည်။  

သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်ကျင်ရေးရာ ဝန်ကြီး ဗာရာဝတ် ဆီလ်ပါအာချာက ဆီယိုကွက်၏ အဓိကယိုဖိတ်မှုထုထည်အစုအဝေးကို ကော့စမွေရှိ အသေးစားပင်လယ်‌အော်အနီးရှိ အာအိုပရာအို ကမ်းခြေအနီးသို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်မှာ အရေးကြီးသည်ဟု ပြောကြားခဲ့သည်။ 

“အကယ်လို့ ဆီယိုကွက်ကြီးတွေက ဒီဧရိယာထဲဝင်ရောက်သွားမယ်ဆိုရင် ကမ်းခြေကို ထိခိုက်နိုင်တဲ့ အပြင် ‌ရေတိမ်ပိုင်းမှာရှိတဲ့ သန္တာကျောက်တန်းတွေကိုလည်း အကြီးအကျယ် ပျက်စီး‌စေမှာပါ”ဟု ဗရာဝတ်က ပြောကြားခဲ့သည်။ 

ထိုလောင်စာဆီများသည် အင်္ဂါနေ့နှောင်းပိုင်းတွင် Star Petroleum Refining Public ကုမ္ပဏီ လီမီတက်ပိုင်ဆိုင်သော ပိုက်လိုင်းတစ်ခုမှ ယိုဖိတ်လာခဲ့ခြင်းဖြစ်သည်။ 

၎င်းဖြစ်စဥ်ကို ထိန်းချုပ်မှုမပြုနိုင်သေးခင် ခန့်မှန်းခြေ လောင်စာဆီ လီတာပေါင်း ၅၀၀၀၀ ခန့် သည်  ထိုင်းနိုင်ငံအရှေ့ဘက်ခြမ်းရှိ ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀ အကွာ‌အဝေးအထိရှိသော ပင်လယ် ဘက်ဘက်သို့ စီးမျောသွားခဲ့သည်။ 

ထိုဆီယိုကွက်သည် ကမ်းခြေတစ်ခုအနီးသို့ ရောက်ရှိလာချိန်တွင် ရယောင်ခရိုင်ဒေသန္တရအတွင်းရှိ မဲ့ရမ်ဖူအန် ကမ်းခြေကို ဘေးအန္တရာယ်ဇုံအဖြစ် သောကြာနေ့ နှောင်းပိုင်းက ကြေငြာခဲ့သည်။ 

ထိုင်းအစိုးရ၏ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ Geo-Informatics and Space Technology Development Agency (GISTDA) မှ ရရှိသော ကောင်းကင်ဓါတ်ပုံများတွင် ဆီယိုကွက်သည် ပင်လယ်ပြင်၏ ၆၇ စတုရန်းကီလိုမီတာအထိ ဖုံးလွှမ်း အနေအထားဖြင့် ပျံ့နှံ့ခဲ့သည်။ 

အဆိုပါကောင်းကင်ဓါတ်ပုံများကို ကိုးကား၍ ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး ပေ့ါကရွန် မွန်ထာဖာလင်က သတင်းထောက်များသို့ပြောကြားရာတွင် ယိုဖိတ်လာသော ဆီအများစုသည် ထူထဲသော အပြင်ကြီးလိုက်ရှိမနေပဲ ပါးလွှာသော အနေအထားအဖြစ်သာ စုဖွဲ့နေခဲ့သည်ဟု  ပါရှိသည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Source: Reuters/vc – CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.