January 25, 2022

NUG နဲ့ PDF လှုပ်ရှားမှု သတင်းမတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) မွန်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပတ်သက်ဆက်သွယ်သူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု သတင်း မတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ NUG အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ကူညီထောက်ပံ့နေသူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ ဖမ်းဆီးရရှိမှု အခြေအနေကို…

Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) မွန်ပြည်နယ်မှာ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးလာကြောင်း ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင်တွေက ပြောပါတယ်။ စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ ရုံးတက်နေတဲ့ Non CDm ဝန်ထမ်း မိသားစုဝင်တွေအနေနနဲ့ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ဆက်တိုက်…

(၂)နှစ်နီးပါးလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက် ဇတ်သဘင်လောက ပျောက်ကွယ်မှာကို သဘင်သည်တွေ စိုးရိမ်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) မွန်ပြည်နယ်မှာတော့ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ဇာတ်သဘင်တွေ ရပ်နားထားရလို့ ဇာတ်သဘင်လောက ပျောက်ကွယ်မှာကို စိုးရိမ်နေရတယ်လို့ သဘင်ပညာသည်တွေက ပြောပါတယ်။ ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ကပြခွင့် မရတာဟာ ၂နှစ်နီးပါး ရှိလာပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာတ်သဘင်တွေ နားထားရတဲ့ အတွက်ကြောင့်…