December 2021

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှု ၃ မှုထပ်တိုး ဖွင့်လှစ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) ဖမ်းဆီးထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အမှု ၃ မှု ထပ်တိုး ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ…

သောင်ရင်းမြစ်ဘေးက စစ်ရှောင်ပြည်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) လေးကေကော်တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အစားအသောက်နဲ့ ဆေးဝါးအပြင် အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ လေးကေကော်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းဘက်ကို ဖြတ်မကူးသေးပဲ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနားမှာ ယာယီခိုလှုံနေတဲ့ စစ်ရှောင်ဦးရေ…

ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ကုန်ဈေးနှုန်း ထပ်တက်ဖို့ ရှိနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့လို့ ထိုင်းက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ…

မြန်မာစစ်ဘေးဒုက္ခသည်တွေဆီ အရေးပေါ်ဝင်ရောက်ခွင့်ပေးဖို့ ကုလအေဂျင်စီမှ ထိုင်းအစိုးရသို့ တောင်းဆို

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ပဋိပက္ခဖြစ်ပွားနေသော ကရင်ပြည်နယ်ရှိ တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်ရန် ထိုင်းနိုင်ငံသို့ တိမ်းရှောင် လာသော မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ဆီသို့ “အရေးပေါ် ဝင်ရောက်ခွင့်”ပေးဖို့ ထိုင်းနိုင်ငံကို ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှ တနင်္လာနေ့က တောင်းဆိုခဲ့ပါသည်။ ဖေဖော်ဝါရီလအတွင်း အစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်နှင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည် ဟု ကြွေးကြော်ထားသော ကရင့်အမျိုးသားအစည်းအရုံးအကြား ထိတွေ့မှုများသည်…

ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်းကြောင့် သေဆုံးသူ ၂၀၈ ဦးအထိရှိခဲ့

မနီလာ၊ ဒီဇင်ဘာ ၂၀ ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သော တိုင်ဖွန်း မုန်တိုင်းကြောင့် လူဦးရေ ၂၀၈ ဦးအထိသေဆုံးခဲ့ကာ ယခုနှစ်များအတွင်း နိုင်ငံအတွက် အထိနာဆုံးနှင့် လူသေဆုံးမှု အများဆုံး ဖြစ်စေခဲ့သည်ဟု ဒီဇင်ဘာလ ၂၀ ရက်နေ့ (တနင်္လာနေ့) ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့၏ ပြောကြားခဲ့သည်။ Rai ရိုင် ဟု အမည်ရသော တိုင်ဖွန်းမုန်တိုင်းသည် ကျွန်းဆွယ်၏ တောင်ပိုင်းနှင့်…

စစ်ဘေးရှောင်ပြည်သူတွေ အခြေအနေ တည်ငြိမ်မှ နေရပ်ပြန်ကြဖို့ KNU တိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁) တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စစ်ရေးပဋိပက္ခ အခြေအနေ ငြိမ်သက်သွားတဲ့အခါမှသာ နေရပ်ကိုပြန်လာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက တိုက်တွန်းလိုက်ပါတယ်။ လတ်တလောမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူသောင်းဂဏန်းဝန်းကျင်အထိ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အများစုက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့…

မွန်‌ရေးရာကိစ္စ ဆောင်ရွက်ဖို့ စစ်ကောင်စီထံက ထောက်ပံ့ငွေ ယူတဲ့အပေါ် မွန်လူငယ်တွေ ဝေဖန်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁) အာဏာသိမ်း စစ်ကောင်စီရဲ့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဟာ အခုဘဏ္ဍာရေးနှစ်မှာ မွန်တိုင်းရင်းသားရေးရာ ကိစ္စတွေ ဆောင်ရွက်ဖို့အတွက် ငွေကျပ် သိန်း ၅၀၀ ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ငွေဟာ မွန်ပြည်နယ်အတွင်းက မွန် ၊ ဗမာ ၊ ကရင် ၊ ပအိုဝ်း တိုင်းရင်းသားရေးရာ ကိစ္စတွေ…

အာဏာသိမ်း စစ်တပ် ရှုံးမဲမဲတဲ့ အဆင့်ကို ရောက်နေပြီးလို့ CDM စစ်ဗိုလ်တွေ ဝေဖန်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၉) အာဏာသိမ်း စစ်တပ်ဟာ အခုနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီလို တိုက်ပွဲ ဖော်ဆောင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေသာမက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေမှာလည်း အကျဆုံးများနေတာ ဖြစ်ပါတယ်။ အကျဆုံးများနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ် နည်းမျိုးစုံပြီး ဖိနှိပ်လာသလို ရင်ဆိုင်တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့…