December 16, 2021

အစိုးရဆေးရုံတွေရဲ့ ကျန်းမာရေးစောက်ရှောက်မှု ထက်ဝက်ကျော် ကျဆင်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော် ကာလအတွင်းမှာ အစိုးရဆေးရုံတွေရဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားတဲ့အတွက် သူတို့ နေရာတွေမှာ စစ်ကောင်စီက အစားပြန်ထိုးနိုင်ခြင်း မရှိသေးတာ…

စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ပျောက်ဆုံးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ မွန်ပြည်နယ်က လူမှုစီးပွား ထိခိုက်ကျဆင်းလာမှုနဲ့ အတူ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပျောက်ဆုံးလာခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာနေကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းယူမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံခြားထွက်ခွင့်တွေ ကန့်သတ်မှုရှိနေလို့…

ဒီဇင်ဘာ ၂၀ မှ စတင်ပြီး စင်ကာပူ-မလေးရှားနှစ်နိုင်ငံကြား ကုန်းလမ်းမှ တဆင့် ဝင်ရောက်နိုင်တော့မည်

စင်ကာပူ၊ ဒီဇင်ဘာ ၁၅ စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား ခရီးသွားလာရေးအတွက် ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး စင်ကာပူနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်မည် ဖြစ်သလို မလေးရှားနိုင်ငံသားများလည်း စင်ကာပူနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု ကုန်သွယ်ရေး နှင့် စက်မှုရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ MTI ၏ ထုတ်ပြန်ချက်တွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများအတွင်း လက်ရှိသတ်မှတ်ထားသည့်…