December 15, 2021

ပုလောမြို့နယ်မှာ စစ်ကောင်စီ အင်အား (၃၀၀)ကျော် တပ်စွဲထား

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ တနင်္သါရီတိုင်းဒေသကြီး ပုလောမြို့နယ် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အင်အားတိုးချဲ့လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက ဒူးရင်းပင်ရှောင်ကျေးရွာရှိ ဘုရားကျောင်းဝင်းနှင့် လမ်းမကြီးဘေးရှိ အနီးအနားကျေးရွာတွေမှာ အင်အား (၃၀၀)နီးပါးနဲ့ ဝင်ရောက်တပ်ဆွဲထားတာလို့ ဒေသခံတစ်ဦးက…

တနင်္သာရီမှာ တပ်စွဲခွင့်မပေးတဲ့ ဘုန်းကြီးတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်က မြို့နယ်တချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက တပ်စွဲခွင့်မပေးတဲ့ ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးတာနဲ့ ကျောင်းပိုင်ပစ္စည်းသိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာ၊ မှန်ကျောင်းဘုန်းကြီးကျောင်းမှာ တပ်စွဲခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ် ဆရာတော်က တပ်စွဲခွင့် မပေးလို့…

ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် စီးပွားရေးလုပ်ငန်းအများစု ရပ်နားခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ငွေကြေးထုတ်ယူခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့လို့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ခဲ့ရပါတယ်။ မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရနေတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်း အများစု မလည်ပတ်နိုင်တော့ဘဲ လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။ လည်ပတ်နေတဲ့ လုပ်ငန်းတွေကလည်း ဘဏ်တွေကနေ ငွေးကြေအလွယ်တကူ ထုတ်ယူလို့…

နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို စစ်ကောင်စီက လက်မခံလို့ မဲဆောက်မှာ သောင်တင်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စစ်ကောင်စီဘက်က ပြန်လည် လက်ခံရေးမူဝါဒ ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို မြဝတီမြို့ ထိုင်း- မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတစ်ဆင့်…

အင်ဒိုနီးရှားရောက် ကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို တုန်ပြန့်သည့် မိန့်ခွန်းပြောကြား

ဂျာကတာ၊ ဒီဇင်ဘာ ၁၄ အာရှဒေသရှိ အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များ၊ လုံခြုံရေးမိတ်ဖက်များနှင့် ပိုမိုအနီးကပ် လုပ်ဆောင်ဖို့ အစီအစဥ်များ ချမှတ်နေသည့် အတောအတွင်း အဆိုပါဒေသအတွင်း ရန်လိုမုန်းထားစွာ ပြုမူလာသော တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝေဖန် ပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်နေ့ (အင်္ဂါနေ့)၊ ဂျာကတာမြို့တွင် ပြောကြားခဲ့သော အရေးကြီးမူဝါဒရေးရာ မိန့်ခွန်း…