December 11, 2021

လူအခွင့်ရေးချိုးဖောက်ခံနေရတဲ့ လူနည်းစုတိုင်းရင်းသားတွေ ဘဝရပ်တည်ဖို့ပင် အခက်အခဲ ရှိနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေပြည်သူကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာအပြင် အတင်းအဓမ္မပေါ်တာဆွဲတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကြောင့် လူအခွင့်အရေးတွေ အကြီးအကျယ် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့…

ကျောင်းဖွင့်ပြီး တစ်လကျော်အထိ အထက်တန်းပြ မလုံလောက်လို့ သင်ကြားရေး အခက်တွေ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) အထက်တန်းပြ ဆရာ၊ဆရာမတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM လုပ်ဆောင်သွားတဲ့အတွက် သူတို့ နေရာတွေမှာ စစ်ကောင်စီက အစားပြန်ထိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ အခြေခံ ပညာကျောင်းတွေမှာ အထက်တန်းပြတွေ လုံလောက်မှု မရှိတဲ့အတွက် အလယ်တန်းပြ တချို့ကို သင်ပြခိုင်းနေရသလို တခြားကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုလည်း ယာယီ လွှဲပြောင်းပြီး…

၂၀၀၅ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားစစ်သွေးကြွတစ်ဦးကို ထောင်ဒဏ် တသက်တကျွန်းချမှတ်

ဂျာကတာ၊ ဒီဇင်ဘာ ၁၀ ၂၀၀၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဈေးတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ပြီး အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်သည့် ကျူးလွန်သူကို ရှာဖွေဖမ်းဆီးပြီး အင်ဒိုနီးရှားရုံးတော်မှ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါသည်။ Upik Lawanga ဟု အမည်ရသော အဆိုပါစစ်‌သွေးကြွပုဂ္ဂိုလ်သည် အယ်လ်ကိုင်ဒါ (Al-Qaeda) နှင့် အချိတ်အဆက်ရှိသော အရှေ့တောင်အာရှအကြမ်းဖက်အဖွဲ့ဖြစ်သည့် Jemaah Islamiah…