မော်လမြိုင် ၊ ဒီဇင်ဘာ (၃)

 မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် တည်ငြိမ်မှုကို ပြသခြင်းတဲ့အတွက်ကြောင့် ကျိုက်ထီးရိုးဘုရား၊ စက်စဲကမ်းခြေ အပါအဝင် ခရီးသွားဝင်ရောက်နေတဲ့ နေရာတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

 ဒါပေမယ့် စစ်ကောင်စီက မျှော်လင့်ထားသလို မဖြစ်ဘဲ ခရီးသည်ဝင်ရောက် မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။

 စစ်ကောင်စီဟာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ အလုပ်မဖြစ်နေပါဘူး။

ခရီးသည်ဝင်ရောက်မှု မရှိသလောက် နည်းပါးနေတာဟာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်တွေ ၊ လမ်းခရီးမှာ လုံခြုံရေး အကြောင်းပြန်ပြီး ပိတ်ဆို့စစ်ဆေးတာတွေနဲ့၊ ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ မွန်ပြည်နယ် ဧည့်လမ်းညွှန်အသင်း တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“လက်တလော ဒီမှာ ကာဖျူးအမိန့်တွေ ရှိတဲ့အခါ ကျတော့ ခရီးသွား တော်တော် ခက်ခဲတယ်၊ ခရီးသည်တွေ အဆင်ပြေပြေ ဖြစ်ပြီး သွားလာဖို့ ဆိုတာ ခက်ခဲနေတယ်၊ အစစ်အဆေးတွေက တအား များတယ်၊ ဘယ်လိုပြောရ မှန်းတောင် မသိတော့ဘူး၊ စစ်ဆေးမှုတွေ များတယ်၊ လမ်းမှာ အတားအဆီးတွေ စစ်ဆေးမှုတွေက မချောမွေ့တာရယ် ကာဖျူး အမိန့်ရှိနေတယ်၊ ခရီးသွားဖို့ ခက်ခဲတယ် အဲ့တာတွေကြောင့် နှောင့်နှေးမယ်၊ ပြည်တွင်း ခရီးသွားတွေ အနေနဲ့ရော ဟိုတယ်မှာ တည်းကြမယ် တချို့ ပြည်တွင်း ခရီးသွားတွေကလည်း လွတ်လွတ်လပ်လပ် အပြင်မှာ ရှိမယ်လေ၊ ဘယ်လိုပဲ ဝင်ရောက်လာပါစေ ဧည်စာရင်း တိုင်မှရတော့မယ့် သဘော ဖြစ်လာတယ်၊ အဲ့တာတော့ အတားအဆီးပေါ့နော် သူတို့အတွက် နည်းနည်းလေး စိတ်အနှောက်အယှက် ဖြစ်တာပေါ့နော်”လို့ ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး မတည်ငြိမ်လို့ ပြည်တွင်း၊ပြည်ပက ခရီးသွား ဝင်ရောက်မှု နည်းပါးနေတဲ့အတွက်ကြောင့် ဟိုတယ် လုပ်ငန်းအများစုမှာလည်း အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဟိုတယ်တွေမှာ လာရောက် တည်းခိုးမယ့်သူတွေအနေနဲ့ မဖြစ်မနေ ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ခရီးသည်ဝင်ရောက်မှု နည်းပါးနေတာ ဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

 “ဒီအချိန်မှာ ခရီးသွားတဲ့လူ မရှိသလောက်ပါပဲ တော်တော်ရှားပါတယ် မြို့ထဲမှာတော့ နည်းနည်းပါးပါး ရှိကောင်း ရှိမှာပေါ့လေ ကျွန်တော်တို့ ဟိုတယ်က အပြင်ဘက် ရောက်နေတော့လေ သိပ်တော့ မလာကြပါဘူး၊ မလာပါဘူး အဝေးက ဧည့်သည်တို့ ဘာတို့ ခရီးသွား တာတို့ ဘာတို့ မရှိပါဘူး၊ လျော့ပေးတာလည်း မရှိပါဘူး၊ အခုက ဧည့်စာရင်း စစ်တဲ့ဟာတောင် သေသေချာချာလေး လုပ်ခိုင်တော့ အဲ့တာ ဘယ်ဧည့်သည် မဆိုပေါ့လေ လာလို့ရှိရင်တော့ ဧည့်စာရင်း တိုင်ရတာပေါ့၊ အဲ့တာတွေတောင် ပိုပြီးတော့ ကြပ်မတ်နေလား မသိဘူး”လို့ ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

နိုင်ငံရေး မတည်ငြိမ်တာ အပါအဝင် စစ်ကောင်စီရဲ့ တင်ကြပ်းထားတဲ့ စည်းကမ်းချက်တွေကြောင့် ခရီးသွားဝင်ရောက်မှု နည်းပါးနေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်း ၇၀ ရာခိုင်နှုန်းထက်မနည်း ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.