November 13, 2021

မြန်မာစစ်တပ်ကျူးလွန်သောအချက်အလက်များထပ်မံပေးပို့ရန် Facebook ကို ကုလတောင်းဆို

မြန်မာစစ်တပ် လူ့အခွင့်အရေးကျူးလွန်ခဲ့သည်က ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ သာ မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ စတင်ရေတွက်မည်ဆိုလျှင် ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ မြို့ပြကျေးရွာများကို မီးရှို့ခြင်း၊ တိုင်းရင်းသူများကိုမုဒိမ်းကျင့်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သတ် ဖြတ်ခြင်းများကို မြန်မာစစ်တပ်ကျူးလွန်ခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းကမှ အရေးယူနိုင်ခဲ့ခြင်းမရှိသေးသဖြင့် ယခုအချိန်ထိ မြန်မာစစ်တပ်က…

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ကိုဗက်ဆင်း (Covaxin) ဆေးသည် ၇၇.၈ ရာခိုင်နှုန်းအထိ အကျိုးအာနိသင်ရှိဟုဆို

နယူးဒေလီ၊ နိုဝင်ဘာ ၁၂ အိန္ဒိယနိုင်ငံအစိုးရ၏ ‌ဆေးဘက်ဆိုင်ရာ သု‌တေသနအေဂျင်စီနှင့် Bharat Biotech International (ဘဟာရက်ဘိုင်အိုတက်) တို့မှ ပူးပေါင်းထုတ်လုပ်သော Covaxin ကာကွယ်ဆေးသည် ကိုဗစ် ရောဂါ လက္ခဏာကို ၇၇.၈ ရာခိုင်နှုန်းအထိ ပျောက်ကင်းစေသည့် အကျိုးအာနိသင်ရှိသည်ဟု The Lacent (သည် လာဆန့်) ဆေးဝါးဂျာနယ်ပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ Covaxin (ကိုဗက်ဆင်း)…

ချောင်းဆုံမြို့နယ် NLD ရုံး ဗုံးခွဲ ဖျက်စီးခံရ ၊ ပေါက်ကွဲမှု ပြင်းထန်လို့ ဘေးပတ်ဝန်းကျင် နေအိမ်တွေပါ ပျက်စီး

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ ချောင်းဆုံမြို့နယ် ၊ မြို့မရဲစခန်းရှေ့မှာရှိတဲ့ NLD ပါတီရုံး ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ပေါက်ကွဲမှုဟာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးတဲ့အထိ ပြင်းထန်ခဲ့ပြီး ဘေးပတ်ဝန်းကျင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို ရဲနဲ့စစ်သားတွေက ပိတ်ဆို့ပြီး စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။ “…

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။ ဒါကြောင့် စစ်တပ်…