October 2021

ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေ

လောင်းလုံ၊ အောက်တိုဘာ ၁၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာရှိ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲနေထိုင်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့က ပျူ စောထီးအဖွဲ့ဝင် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၂၀ ခန့် ရောက်ရှိနေထိုင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိပြီးနောက်ပိုင်း မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊…

ကျိုက်ထိုက ဒေသခံသတင်းထောက် ကိုထက်မြက်သူ ဒီကနေ့ ပြန်လွတ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) မတ်လ (၂၇) ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျိုက်ထိုဒေသခံသတင်းထောက် ကိုထက်မြက်သူဟာ ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာ သထုံအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ကိုထက်မြက်သူဟာ ကျိုက်ထိုမြို့က မတ်လ (၂၇)ရက်နေ့ ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် သေနတ်နှင့် ပစ်ခတ်ခံရပြီး အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရက်ပေါင်း (၂၀၆)ရက်ကြာ…

၂၀၂၂ ခုနှစ်အစောပိုင်းတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပြန်လည်လက်ခံနိုင်ရေး မြန်မာစစ်တပ် ဆောင်ရွက်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၈ လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံခြားသားများအတွက် ခရီးသွားကဏ္ဍ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ငန်းစဥ်များကို အပြီးသတ်ဆောင်ရွက်နေပြီး ရှေ့ပြေးအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဧည့်သည်များကို ဦးတည် သွားမည်ဟု စစ်ကောင်စီရဲ့ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီး ဦးဌေးအောင်မှ ပြောကြားခဲ့ပါတယ်။ လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ် များ လျော့ပါးလာသောကြောင့် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ပြည်နယ် အချင်းချင်း…

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့ ကရင်လူငယ်တွေ ငြင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကပေးဖို့ စစ်ကောင်စီက လိုက်လံစည်းရုံးနေပေမယ့် လူငယ်တွေကတော့ ဒုံးကဖို့ ငြင်းဆိုနေကြပါတယ်။ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက ဒုံးအပါအဝင် လက်ဝှေ့ပွဲနဲ့ပြခန်းတွေပါ ထည့်သွင်းကျင်းပသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒုံးဆရာတွေကတော့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့အတွက် လူငယ်တွေကို ကျေးရွာတွေထိ ဆင်းပြီး…

အသက်(၁၂)နှစ်အထက် ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) အာဏာသိမ်း စစ်ကောင်စီဟာ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်းက အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီး ဖြစ်ပါတယ်။ အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသား ၇၀၀၀၀ ကျော်ကို စုရပ်နေရာ ၁၄၀ ကျော်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာ…

ကျိုက်ထီးရိုး ဘုရားဖူးလာသူတွေကို စစ်ဆေးရေး တင်းကြပ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားဖူး လာသူတွေကို စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက မှတ်ပုံတင်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာကအစ တောင်းယူစစ်ဆေးနေတာတွေကို လုပ်ဆောင်နေတယ်လို့ ဘုရားဖူးလာရောက်သူတွေက ပြောပါတယ်။ ဘုရားဖူးလာသူတွေကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက တောင်ခြေ ကင်မွန်းစခန်းက တောင်တက်ကား လက်မှတ်ဖြတ်ရာနေရာနဲ့ ရသေ့တောင်နဲ့ ခြင်္သေ့နှစ်ကောင် မုတ်ဝတွေမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “တောင်ခြေကင်မွန်းစခန်းကားဂိတ်မှာကတည်းက အကုန်အစုံ…

စီးပွားရေးကြောင့် အာဏာသိမ်းတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ

မြန်မာစစ်တပ်အာဏာသိမ်းလိုက်တိုင်း စီးပွားရေးကိစ္စများ ပါဝင်ပတ်သက်နေလေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ် များသည် စစ်မတိုက်ဘဲစီးပွားရေးလုပ်ကိုင်နေသူများသက်သက်သာဖြစ်ကြသည်။ ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ခြင်းနောက်ကွယ်တွင် စီးပွားရေးကိစ္စများ ပါဝင်နေသည်။ နိုင်ငံတော် အာဏာကို အကြွင်းမဲ့သိမ်းယူလိုက်သော မင်းအောင်လှိုင်၏ရည်ရွယ်ချက်မှာ သူ နှင့် သူ့မိသားစုလုပ်ကိုင်နေသော စီးပွားလုပ်ငန်းများ ၊ စိစစ်ထားခြင်းမရှိသော စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကာကွယ်လိုသောကြောင့်ဖြစ် သည်။ စစ်တပ်အကြီးအကဲတယောက်မဖြစ်လာခင်အချိန်ကဆိုလျှင် မင်းအောင်လှိုင်သည်…

ထိုင်းနိုင်ငံရှိ ခရိုင်/ဒေသန္တရ ဆယ်ခုကို ကိုဗစ်စောင့်ကြည့်စာရင်းတွင် ထည့်သွင်းမည်

ဘန်ကောက်၊ အောက်တိုဘာ ၁၇ လူထူအတွင်း ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်/ဒေသန္တရ ၁၀ ခုကို ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၏ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားမည်ဟု အဆိုပါဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်ဖြစ်သူ Kiatiphum Wongrajit က ပြောကြားခဲ့သည်။ ဆုန်ခလာ၊ ရာလ၊ နာရာထီဝတ်၊ ဖထဏီ၊ နခွန်စီထမ်မရတ်၊ တာခ်၊ ရတ်ချဘူရီ၊ ရ‌ယောင်၊ ချန်ထဘူရီ…