October 2021

BGF က လမ်းပိတ်ထားတာကြောင့် ဒေသခံတွေ သွားလာရခက်ခဲပြီး စားသောက်ကုန် သယ်ယူဖို့ အခက်တွေ့နေ

ဘီးလင်း၊ အောက်တိုဘာ ၁၁ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ ကားမဲဂိတ်ကို BGF ဘက်မှ ပိတ်ထားတာကြောင့် ဒေသခံ‌တွေ သွားလာရခက်ခဲပြီး စားသောက်ကုန်‌တွေ သယ်ဆောင်ဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ကားမဲဂိတ်ကို ပိတ်ထားတာ တစ်ပတ်ခန့်ကြာမြင့်လာအတွက် ဒေသခံများအဖို့ နီးစပ်ရာကျေးရွာနဲ့ သထုံသို့လာဖို့ အခက်ခဲ‌ တွေ ဖြစ်နေကြပါတယ်။ ” ဂိတ်ကို ပိတ်ထားတော့ ပြည်သူတွေ သွားလာလို့မရဘူး။ အောက်ဘက်ရွာတွေကလူတွေလည်း…

တနင်္သာရီတိုင်း စော်ဖျားကျေးရွာအနီး တောတောင်တွေမှာ PDF တွေကို စစ်တပ် တောနင်းရှာဖွေနေ

သရက်ချောင်း၊ အောက်တိုဘာ ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအနီးရှိ တောတောင်တွေမှာအောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်ပိုင်းမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ စော်ဖျာကျေးရွာ ဌက်ပျောတော တောင်ဘက်ကို ဦးတည်ပြီး တောနင်းရှာဖွေနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း…

ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များ

(အချက်အလက်ဖော်ပြချက်) မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်သော ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ခပ်စိတ်စိတ်ဖြစ်ပွားလာသော လက်နက်ကိုင်တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးလွှားလာကြရသည်။ အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်၊ သဘာဝဘေးဒဏ်ခံရသည့် နေရာများသို့ ရွေ့ပြောင်းနေထိုင်ကြရသည်။ စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုမိုတိုးပွားလာသော ပဋိပက္ခတွေအကြား လက်ရှိတွင် မြန်မာပြည်တောင်ပိုင်းဒေသ၌ စစ်ဘေးဒုက္ခသည်များ တစ်သိန်းကျော်ရှိလာပြီဖြစ်သည်။ ပဲခူးတိုင်းရှိ…

BGF တပ်စခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူရှိခဲ့လို့ ဒေသခံရွာတွေကို လျော်ကြေး သိန်းသုံးရာ တောင်း

မော်လမြိုင်၊ အောက်တိုဘာ ၁၁ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်(BGF)တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့မှာ အနီးပတ်ဝန်းကျင်က ရွာနှစ်ရွာကို ဒဏ်ငွေကျပ်သိန်း ၃၀၀ တောင်းခံခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ နောင်မြလွဲကျေးရွာနဲ့ ကော့အိမ်ဆိုင်ကျေးရွာအကြားက နယ်ခြားစောင့်တပ်(BGF)စခန်းထဲကို အောက်တိုဘာ ၇ ရက် ညပိုင်းက အမည်မသိလက်နက်ကိိုင်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့လို့ (BGF)ဘက်မှ လေးဦး သေဆုံးခဲ့ပါတယ်။…

စာတစောင် ထောင်နှစ်ဆယ့်တနှစ် (အပိုင်း – ၂)

”တောက်လျှောက် ကျောင်းကို ပိတ်လိုက်ပစ်တာကွ ဆရာ ဌေးဝင်း။ သီတင်းကျွတ်ပြီးမှ ပြန်ဖွင့်တာ။ ပြောချင်တာက ဦးက နိုင်ငံရေးကို ကောလိပ်ကျောင်းသား ဘဝကတည်းက လုပ်ခဲ့တာ။ နိုင်ငံရေး စိတ်ဓာတ်က ရှိနေခဲ့တာ။ ဦးက စစချင်း မော်လမြိုင် ကောလိပ်ကို တက်ခဲ့တယ်။ အဲဒီတုန်းက မော်လမြိုင်က ဥပစာ ကောလိပ်ပဲ ရှိသေးတယ်။ ကျောင်းအုပ်ကြီး နာမည်က ဦးတိုးအောင်တဲ့ သူက…