မော်လမြိုင် ၊ အောက်တိုဘာ (၂၇)

ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်နေတဲ့အတွက်ကြောင့် လာမယ့် ဆားထွက်ရာသီမှာ အရှုံးနဲ့ရင်ဆိုင်ရမှာကို ဆားတောင်သူတွေ စိုးရိမ်နေကြပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ဒီနှစ်ဆားရာသီမှာတော့ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်လာလို့ ဆားတောင်သူ အများစု အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

“ ကုန်ဈေးနှုန်းတွေက မြင့်တက်နေတယ် ၊ အခုဆိုရင် လုပ်ငန်းစရတော့မယ်။ ဒီဇယ်ဆီတွေ ချောဆီတွေ ဝယ်ရတော့မယ်။အခု အဲ့တာတွေက တော်တော်လေး ဈေးတက်နေတယ်” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

 တဖက်မှာတော့ ဆားတောင်သူတွေဟာ  အလုပ်သမား ရှားပါးလာတာကြောင့် ဆားကွင်းတွေကို အချိန်မီပြင်ဆင်နိုင်ဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆားလက်ကျန်နည်းပါးလားတာကြောင့် ဆားဈေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀ ကျော် ရှိနေပေမယ့် ဆားထွက်ရာသီမှာ ကျပ် ၁၀၀ အောက် ပြန်ကျလာမှာကို ဆားတောင်သူတွေ စိုးရိမ်နေကြတာ ဖြစ်တယ်။

မွန်ပြည်နယ်မှာတော့ နှစ်စဉ် နေလှန်းဆား ဆားမက်ထရစ်တန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိခဲ့တာ ဖြစ်ပြီး မနှစ်ကတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းတွေ ပျက်စီးပြီး ဆာားထွက်ရှိနှုန်း ထက်ဝက်ခန့် လျော့ကျခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.