ထိုင်း – မြန်မာနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်ပြင်ဆင်နေ
ပြီးခဲ့သောရက်သတ္တပတ်အတွင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလက် နှင့် ဌာန ပေါင်းစုံမှတာဝန်ရှိသူများပါဝင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ လာရောက်ခဲ့ သည်။ ချိုလက်၏ခရီးစဥ်အတွင်း မြန်မာ့အရေးအပါအဝင်ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ ရပ်များကို အာဆီယံဒေသတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂ ရက်ကြာသွားရောက်ခဲ့သော ချိုလက်၏ခရီးစဥ်တွင် ထိုင်း – မြန်မာနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အမေရိကန် နှင့် ထိုင်း…