မော်လမြိုင်၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံမှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ထောက်ခံကြောင်း ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီစစ်တပ်ထောက်ခံပွဲအတွက် ရဲနဲ့ စစ်သား အင်အား ၁၀၀ ကျော် လုံခြုံရေးယူပေးခဲ့ပြီး၊ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်မတော်ထောက်ခံသူ ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
စစ်တပ် ထောက်ခံသူတွေဟာ သံလွင်ဥယျာဉ်အတွင်းမှာသာ စစ်တပ်ထောက်ခံကြောင်း ကြွေးကြော်ခဲ့ပြီး မြို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်တာတော့ မလုပ်သွားပါဘူး။
မော်လမြိုင်မှာတော့ ပြီးခဲ့တဲ့ကာလတွေတုန်းက စစ်တပ်ထောက်ခံကြောင်း မြို့အတွင်းလှည့်လည် ဆန္ဒထုတ်ဖော်သူတွေကို ဒေသခံတွေက သံဗုံးတီးပြီး မောင်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်