သထုံ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့တွေမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်ရုံး ၃ ရုံး အောက်တိုဘာလ ၂၃ ရက်နေ့ညက ဗုံးခွဲခံရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ည (၁၁) နာရီခွဲဝန်းကျင်ကစပြီး သုံးမြို့စလုံး၌ တပြိုင်နက်ထဲဖြစ်ပွါးခဲ့ခြင်းလည်းဖြစ်သည်။

“ညက ဗုံးပေါက်ကတာက အသံက အကျယ်ကြီးဘဲ ။ မြို့နယ် NLD ပါတီရုံးကတော့ တော်တော်ထိခိုက်ပျက်စီးသွားတယ်။ လူထိခိုက်တာတော့မရှိဘူး”လို့ ဘီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။


ည ၁၂ နာရီခန့်မှာ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် NLD ပါတီရုံးကို အမည်မသိ လူတစ်စုက ဗုံးထောင်ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

အလားတူ ည ၁၁ နာရီကျော်ခန့်မှာ သထုံမြို့၊ လိပ်အင်းရပ်ကွက် မင်းလမ်းမရှိ မြို့နယ် NLD ပါတီရုံး ဗုံးဖောက်ခွဲခံရတယ်လို့ သိရပါတယ်။

ည ၁၂ နာရီခန့်မှာ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ပါတီရုံး ဗုံးထောင်ဖောက်ခွဲ ခံရတယ်လို့ သိရပါတယ်။

ဗုံးထောင်ဖောက်ခွဲခံရတာကြောင့် လူထိခိုက်တာမရှိဘဲ ရုံးအဆောက်အဦးတွေပျက်စီးတာ၊ ခြံစည်းရိုးသံပန်းတစ်ခါးတွေပျက်စီးတာ၊ မှန်တံခါးတွေ ပျက်စီးတာ၊ ပါတီဆိုင်းဘုတ်တွေ ပျက်စီးတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.