မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းမှုများကြောင့် အစုအလိုက်အပြုံလိုက် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်မည်ကို ကုလသမဂ္ဂစိုးရိမ်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၃ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပေါ်ချိန်ကတည်းက အဆိုးရွားဆုံးအဖြစ်အပျက်များနှင့် ရင်ဆိုင်နေရသည့် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ၎င်း၏မြောက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများပြုလုပ်လာသောကြောင့် ပိုမိုကျယ်ပြန့်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဥ်များကို စိုးရိမ်ကြောင်းဟု အောက်တိုဘာ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ “ပိုမိုကျယ်ပြန်ကြီးမားတဲ့ အကြမ်းဖက်မှုများကို ရင်ဆိုင်ရနိုင်သောကြောင့် အဲ့ဒီဒေသမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေကြသလို…