မော်လမြိုင်၊ အောက်တိုဘာ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူမှု (၆)လပြည့်ပြီးနောက် လာမည့် (၆)လအကြာမှာ တော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်ဖို့ ကြိုတင်ပြင်ဆင်စဉ်းစားဖို့လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၂၈/၂၀၂၁)ခုနှစ်ရဲ့ အစည်းအဝေးမှာ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က ခြောက်လတာတော်လှန်ရေးခရီးအောင်မြင်မှု၊ ကျရှုံးမှုနှင့် စိန်ခေါ်မှုများကို သုံးသပ်ရန်ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံစစ်ကို စတင်ကြေငြာခဲ့သည် စက်တင်ဘာလ (၇)ရက်နေ့ကစတင်ပြီး တိုးတက်အောင်မြင်မှုများစွာရရှိခဲ့သည်ဟုလည်း NUG က ဆိုထားပါတယ်။

ဆက်လက်ပြီး အခက်အခဲတွေကိုတောင့်ခံပေးနေတဲ့ ပြည်သူတွေအတွက် စဉ်းစားပြီး ပိုမိုအားစိုက်ကြိုးပမ်းဖို့နဲ့ ဝန်ကြီးတွေကိုလည်း မှာကြားခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ခုခံစစ်တော်လှန်ရေးအရှိန်မြှင့်နေမှုအပေါ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ဖြစ်တဲ့ PPST က စောင့်ကြည့်နေတယ်လို့ပြောထားပါတယ်။

စစ်ကောင်စီကလည်း အပစ်ခတ်ရပ်စဲရေး (၅)လလုပ်ဖို့ ကြေငြာထားခဲ့ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအနှံ့အပြားမှု ပစ်ခိုက်တိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေပြီး စစ်ဘေးဒုက္ခသည်တွေလည်း နေ့စဉ်များပြားလာနေခဲ့ပါတယ်။

ဓါတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.