October 18, 2021

စီးပွားရေးကြောင့် အာဏာသိမ်းတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ

မြန်မာစစ်တပ်အာဏာသိမ်းလိုက်တိုင်း စီးပွားရေးကိစ္စများ ပါဝင်ပတ်သက်နေလေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ် များသည် စစ်မတိုက်ဘဲစီးပွားရေးလုပ်ကိုင်နေသူများသက်သက်သာဖြစ်ကြသည်။ ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ခြင်းနောက်ကွယ်တွင် စီးပွားရေးကိစ္စများ ပါဝင်နေသည်။ နိုင်ငံတော် အာဏာကို အကြွင်းမဲ့သိမ်းယူလိုက်သော မင်းအောင်လှိုင်၏ရည်ရွယ်ချက်မှာ သူ နှင့် သူ့မိသားစုလုပ်ကိုင်နေသော စီးပွားလုပ်ငန်းများ ၊ စိစစ်ထားခြင်းမရှိသော စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကာကွယ်လိုသောကြောင့်ဖြစ် သည်။ စစ်တပ်အကြီးအကဲတယောက်မဖြစ်လာခင်အချိန်ကဆိုလျှင် မင်းအောင်လှိုင်သည်…