ပုလော၊ အောက်တိုဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ရှိ မြို့နယ်ခန်းမနဲ့အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မနေ့ ညနေပိုင်းက
ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီဗုံးဖောက်ခွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပုလော PDF ကတော့ စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူနေတဲ့ မြို့နယ်ခန်းမနဲ့အုပ်ချုပ်ရေးမှူးရုံးတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
“မြို့နယ်ခန်းမကို ပစ်တာက လက်လုပ်ဗုံးလို့ သိရတယ်။ အဲဒီမှာ စကစ အဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်လို့တော့ ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်မ်းမှ အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။
ဗုံးဖောက်ခွဲမှုဟာ စစ်အာဏာရှင်စနစ်ဒေါက်တိုင်တွေဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့နောက်လိုက် ပျူစောထီး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်တွေကို သတိပေးလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း-သံလွင်တိုင်းမ်