October 16, 2021

ကြိုးနီစနစ်အိပ်မက်ဆိုးတွေ ရင်ဆိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

ဘန်ကောက်၊ အောက်တိုဘာ ၁၆ နိုင်ငံတကာလုပ်သားအဖွဲ့အစည်းမှ ဇွန်လအတွင်း ထုတ်ပြန်သော သတင်းအချက် အလက်အရ ကိုဗစ် ၁၉ ကပ်ဘေးမတိုင်ခင်အချိန်အထိ ရွှေ့ပြောင်းလုပ်သားများက ထိုင်းနိုင်ငံ လုပ်သားအင်အားကို ၁၀ ရာခိုင်နှုန်းထက် ပို၍ ဖြည့်တင်းနိုင်ခဲ့သလို ထိုင်းနိုင်ငံ GDP ၏ ၄.၃ ရာနှုန်းမှ ၆.၆ ရာနှုန်းအထိဖြစ်ပေါ်တိုးတက်စေခဲ့သည်ဟု ပါရှိသည်။ အဆိုပါသတင်းအချက်အလက်တွင် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့…

ပုလောမြို့နယ်ခန်းမနဲ့ အမှတ်(၄)အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

ပုလော၊ အောက်တိုဘာ ၁၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ရှိ မြို့နယ်ခန်းမနဲ့အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မနေ့ ညနေပိုင်းကဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီဗုံးဖောက်ခွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပုလော PDF ကတော့ စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူနေတဲ့ မြို့နယ်ခန်းမနဲ့အုပ်ချုပ်ရေးမှူးရုံးတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့…

ကော်သူးလေအခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ တနေရာတွင် ကော်သူးလေအခြေခံစစ်ပညာသင်တန်းတစ်ခု အပတ်စဥ်(၁) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သုံးလတာကြာမြင့်ပြီးနောက် သင်တန်းဆင်းပွဲကို ဒီကနေ့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က စစ်ပညာသင်ကြားရန်ရောက်ရှိသူများဟာ သင်တန်းကို ကောင်းစွာပြီးစီးတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ သတင်းဓါတ်ပုံ – သံလွင်တိုင်းမ်

ကျိုက်ထိုနဲ့ဘီးလင်းမှာ စစ်ကောင်စီတပ်တွေကို KNU မှ တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

သထုံ၊ အောက်တိုဘာ ၁၆ ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေကို KNLA တပ်မ(၁)ဘက်မှ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ ယမန်နေ့ မနက်အစောပိုင်းက ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA တပ်မဟာ(၁)ဘက်မှ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ KNLA…

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံတက်ရောက်ခွင့်မပြုတော့

ဘန်ကောက်၊ အောက်တိုဘာ ၁၆ သောကြာနေ့မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယခုလ အောက်တိုလာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်ဖို့ရှိနေတဲ့ အာဆီယံညီလာခံကို တက်ရောက်ခွင့်မပြုတော့ဘဲ ယင်းအစား နိုင်ငံရေးအစုအဖွဲ့နဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးကိုဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ အာဆီယံသတင်းရင်းမြစ်က ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ သမိုင်းတွင်တဲ့ဖြစ်ရပ်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့မူကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။…