October 15, 2021

နွေဦးတော်လှန်ရေးအတွင်း ရဲရင့်ခဲ့ကြသောမြန်မာဂျဲန်ဇီးများ

ဖေဖော်ဝါရီအာဏာသိမ်းမှုက လူငယ်များ၏ဒေါသအမျက်ကို ဆွပေးလိုက်သောအရာတခုဖြစ် လာလိမ့်မည် ဟု ဗိုလ်ချုပ်မှူးကြီူမင်းအောင်လှိုင်အနေဖြင့် ကြိုတင်တွက်ဆထားခဲ့ခြင်းမရှိကြောင်း ရှင်းလင်း သိသာလွန်း လှပါသည်။ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ထံမှ နိုင်ငံတော်အာဏာကို မတရားသော နည်းလမ်းဖြင့် ရယူသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဂျဲန်ဇီးများဦးဆောင်သည့်ဆန္ဒပြပွဲများ တနိုင်ငံလုံး ပျံ့နှံ့လာခဲ့သည်။ တရားမဝင် နည်းလမ်းဖြင့် နောက်တကြိမ်အာဏာရရှိလာသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ခေတ်မီ တိုးတက်လာသည့် နည်းပညာခေတ်ကို ဘယ်လိုမှလိုက်မမီနိုင်ဖြစ်နေသည့်အကြောင်းကလည်း ပိုပြီးသိသာ ထင်ရှားလာပါသည်။…

ကမ္ဘောဒီးယားရေတပ်ဌာနချုပ်ရှိ တရုတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ပွင့်လင်းမှုမရှိကြောင်း အမေရိကန် သတိပေး

ဖနွမ်ပင်၊ အောက်တိုဘာ ၁၄ ကမ္ဘာဒီးယားအစိုးရသည် ၎င်း၏ အကြီးဆုံးရေတပ်ဌာနချုပ်ရှိ တရုတ် ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှု ပျက်ကွက်နေသည်ဟု အမေရိကန်အစိုးရမှ (အောက်တိုဘာ ၁၃ ရက်တွင်) စွပ်စွဲပြောဆိုထားခဲ့ပြီး ဘေဂျင်းအစိုး၏ စစ်ရေးအရပါဝင်ပတ်သက်မှုကို အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ပြည်သူလူထုများသို့ ဖွင့်ဟရန် တိုက်တွန်းထားခဲ့သည်။ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ဩဂုတ်လအတွင်းရှိ တည်ဆောက်မှုများနှင့် စက်တင်ဘာလအတွင်း…

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေကို စစ်ကောင်စီက အမှုကိစ္စပြောဆိုခွင့် ပိတ်ပင်

မော်လမြိုင်၊ အောက်တိုဘာ ၁၅ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို အာဏာသိမ်း စစ်ကောင်စီက အမှုကိစ္စပြောဆိုခွင့် ပိတ်ပင်လိုက်ပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကို သတင်းဌာနတွေ အပါအဝင် ပြည်တွင်းပြည်ပ၊နိုင်ငံတကာအဖွဲ့အစည်းတွေကို အတိုင်ပင်ခံတို့ရဲ့ ရုံးထုတ်စစ်ဆေးမှု အခြေအနေတွေကို ပြောဆိုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အမှုကိစ္စပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ…

ထိုင်းနိုင်ငံ၏ အနီရောင်ဇုန်အချို့ရှိ ကာဖျူးအမိန့်ကို ဖြေလျှော့ဖို့ ပြင်ဆင်နေ

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ထိုင်းအစိုးရအနေဖြင့် ကိုဗစ် ၁၉ ရောဂါဆိုင်ရာစည်းမျဉ်းတွေကို ဖြေလျှော့ဖို့ စဉ်းစားမှုတွေလုပ်ဆောင်နေပါတယ်။ ထိုင်းအစိုးရအနေဖြင့် လာမည့်နိုဝင်ဘာလတွင် နိုင်ငံကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး သွားလာရေးတားဆီးမှုများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းဖွင့်လှစ်မှုများကို ဖြေလျှော့ဖို့၊ အရေးကြီးဧရိယာသတ်မှတ်ချက်အရေအတွက်ကို လျှော့ချဖို့နဲ့ ညမထွက်ရအမိန့်ကို (၂)နာရီလျှော့ချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အစိုးရအိမ်တော်မှ လာတဲ့သတင်းတွေအရ ထိုင်းဝန်ကြီးချုပ်ဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထိန်းချုပ်မှုတွေကို…