October 14, 2021

အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲကျင့်သုံးရေးဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံ UEC ကျင်းပရန်ပြင်ဆင်

ရန်ကုန်၊ အောက်တိုဘာ ၁၄ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေပြီး အချိုးကျကိုယ်စားပြုစနစ် (PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ကို လာမည့်နိုဝင်ဘာလ ပထမအပတ်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး စိတ်ပါဝင်စားတဲ့ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့တွေ တက်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ကျင်းပမည့်နေ့ရက်၊ နေရာနှင့် အချိန်ကို အတိအကျမဖော်ပြထားဘဲ တက်ရောက် ဆွေးနွေးလိုသော နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည်…

တနင်္သာရီတိုင်းဒေသကြီး မြို့နယ် ၃ မြို့နယ်က အမေရိကန်နိုင်ငံသားအားလုံး ထွက်ခွာကြဖို့ အမေရိကန်သံရုံး သတိပေး ထုတ်ပြန်

တနင်္သာရီ၊ အောက်တိုဘာ ၁၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွေက‌နေ အမေရိကန်နိုင်ငံသားအားလုံး ထွက်ခွာကြဖို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အမေရိကန်သံရုံးက သတိပေးထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး စစ်ကောင်စီအဖွဲ့က နိုင်ငံခြားသား‌တွေကို လုံခြုံရေး စိုးရိမ်မှုနဲ့လုံခြုံရေး အာမခံချက်မ‌ရှိကြောင်း ထုတ်ပြန်ထားတယ်လို့ ‌အမေရိကန်သံရုံးက ဆိုပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက…

အာဆီယံ နှင့် မြန်မာကိုကယ်တင်ပါ

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖို့တော့ မြွေပွေး ခါးပိုက်ပိုက်မိလျက်သားဖြစ်နေသည်။ မြန်မာ့အရေး နှင့် ပတ်သက်ပြီး အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒု-နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူဆွတ်ဖ် (Erywan Yusof) ကို ခန့်အပ်ထားခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာ ၁၂ ရက် ၊ အင်္ဂါနေ့က အာရီဝန်ယူဆွတ်ဖ် နေပြည်တော်သို့ လာရောက်ပြီး မြန်မာနိုင်ငံရေးပါတီတချို့နှင့် တွေ့ဆုံဆွေးနွေးဖို့ရှိခဲ့သော်လည်း အဆိုပါအစီအစဥ် ပျက်သွားခဲ့သည်။ အာဆီယံအထူးသံတမန်၏…

နယ်စပ်အရေးဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံသည် အကျိုးအကြောင်းမသင့်သော လိုလားချက်များကိုသာ ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံပြော

ဘေဂျင်း၊ အောက်တိုဘာ ၁၃ အငြင်းပွားဖွယ်နယ်စပ်ရေးရာကိစ္စရပ်နှင့်ပတ်သက်သော တွေ့ဆုံဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိခဲ့ဟု တရုတ်အစိုးရမှ ပြောကြားခဲ့သည်။ ၎င်းအခြေအနေသည် ယမန်နှစ်အတွင်း ဖြစ်ပွားခဲ့သော ထိတွေ့မှုများနောက်တွင် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကောင်းမွန်ဖို့ ဆောင်ရွက်ရာမှာ ရုန်းကန်နေရဆဲဖြစ်သည်ကို ထင်ဟပ်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော စစ်ရေးအရာရှိများအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တင်းအားများကို လျှော့ပါးသက်သာစေရန် အကောင်းဆုံး ကြိုးပမ်းခဲ့သည်ဟု တရုတ်စစ်ဘက်…

တရားမဝင်နယ်မြေဖြတ်ကျော်မှုကို ဆောင်ရွက်ပေးနေတဲ့ ထိုင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

ကန်ချနဘူရီ၊ အောက်တိုဘာ ၁၃ ကိုဗစ် ၁၉ ကူးစက်မှုရောဂါတားမြစ်ချက်ကို ချိုးဖောက်ပြီး ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၇)ဦးနဲ့ ကလေးငယ် (၁)ဦးတို့ကို ခေါ်ဆောင်လာမှုနဲ့ ဆန်ခလဘူရီခရိုင်၊ စစ်ဆေးရေးဂိတ်ကနေ ထိုင်းအမျိုးသမီး (၂)ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သုံးဖဖမ်းခရိုင်ကနေ ဆန်ခလဘူရီကို ဦးတည်လာတဲ့ မစ်ဆူဘီရှိကားကို ချောက်အ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးစဉ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား…