October 12, 2021

NUG အစိုးရရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်မှုကို စောင့်ကြည့်နေတယ်လို့ PPST ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၂ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ‌တွေကို အနီးကပ် သတိထားစောင့်ကြည့်နေပြီး ထိုက်သင်တဲ့ လုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင် ပြုလုပ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး(၂၀/၂၀၂၁) အဖွင့်မိန့်ခွန်းမှာ နိုင်အောင်မင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။…

ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များ

(အချက်အလက်ဖော်ပြချက်) ဖာပွန်စစ်ဘေးဒုက္ခသည်အခြေအနေ လက်ရှိမှာတော့ ဖာပွန်စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် သောင်းချီခန့်ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စစ်အုပ်စုက လေယာဉ်ဗုံးကြဲတာကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပါတယ်။ တချို့က နယ်စပ်မှာရှိပြီး တချို့က တောထဲ ရွာတွေထဲမှာ ဆက်လက်ပုန်းခိုနေရဆဲပါပဲ။ နယ်စပ်ရောက်နေတဲ့လူတွေ ရွာပြန်လာတာ အနည်းအကျဉ်းလောက်ပဲရှိပေမယ့် အများစုကတော့ ပြန်မလာနိုင်သေးပါဘူး။ ++++++++++++++++++++++++++++++++++++++++++++++++++++ မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်…

ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု နိုဝင်ဘာလအတွင်း အပြီးစစ်မည်

မော်လမြိုင်၊ အောက်တိုဘာ ၁၂ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းတို့ အမှုကို နိုဝင်ဘာလအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို အာဏာသိမ်း စစ်ကောင်စီက ဝန်ထမ်းတွေCDMမှာ ပါဝင်ဖို့ လှုံဆော်တာ၊ စစ်အာဏာရှင်…

တောင်ကိုရီးယားဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတခုဖြစ်လာနိုင်လား ? (အပိုင်း ၁)

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီးသည့် ဖေဖော်ဝါရီလဆန်းပိုင်း ကစပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင် များ၏ နှိမ်နင်းမှုကြောင့် ဆန္ဒပြသူပေါင်းအနည်းဆုံး ၁၈ ဦးသေဆုံးခဲ့သည်။ မတ်လ ၃ ရက်တွင် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး အနည်းဆုံး လူ ၃၈ ဦးသေဆုံးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဦးကျော်မိုး ထွန်းကလည်း ‘…

စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသည့် Travel Lanes အစီအစဥ်တွင် နိုင်ငံပေါင်း ၉ နိုင်ငံကို တိုးချဲ့ခွင့်ပြုမည်

စင်ကာပူ၊ အောက်တိုဘာ ၁၁ ကာကွယ်ဆေးထိုးပြီးသော ခရီးသွားဧည့်သည်များကို ကွာရန်တင်းမလိုဘဲ စင်ကာပူနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် “Travel Lanes” အစီအစဥ်တွင် နိုင်ငံပေါင်း ၉ နိုင်ငံကို ထည့်သွင်းရန် စီစဉ်နေပါတယ်။ ယင်းအစီအစဥ်ကို ဘရူးနိုင်းနိုင်ငံနှင့် ဂျာမနီနိုင်ငံမှ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည်များကို ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းနှင့်အတူ ယခင်လအတွင်း စတင်မိတ်ဆက်ခဲ့ပြီး နောက်လတွင်လည်း ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊…