တနင်္သာရီ ၊ စက်တင်ဘာ (၅)
တနင်္သာရီတိုင်းဒေသကြီး ၊ သရက်ချောင်းမြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာလ (၃)ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေက ထပ်မံ အင်အား ဖြည့်တင်းနေပါတယ်။
အဲ့ဒီလို အင်အားဖြည့်တင်းရာမှာ ပျုစောထီးတွေလည်း ပါဝင်လာပြီး စစ်ကောင်စီတပ်သား (၁၀၀)နီးပါးက ကျွဲခြံကျေးရွာအနီးမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ကျွန်တော်သိတဲ့ ပျူ စောထီးတစ်ဦး ဒီကနေ့ စစ်တပ်နေရာယူတဲ့နားမှာ တွေ့ခဲ့တယ်။ သူတို့တွေအင်အား တော်တော်များတယ်။ ပြီးခဲ့တဲ့ရက်တွေက ဖြစ်တဲ့ တိုက်ပွဲအပြီးမှာ အင်းအား ပြန်စုနေပုံရတယ်။ ဘယ်နေ တိုက်ပွဲထပ်ဖြစ်မလဲ မသိဘူး။ ဒီညမှာလဲ သူတို့ဘက်က ခြောက်လှန့် ပစ်ခတ်မှုတွေ လုပ်နေလို့ စိုးရိမ်နေရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တပ်စွဲထားတဲ့နေရာမှာ ပျုစောထီးတွေက လက်နက်ငယ်တွေကို ပစ်ခတ်လေ့ကျင့်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြောက်လှန့်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေပြန်ဖြစ်လာရင် စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဝင်ရောက်ဖျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်