မော်လမြိုင်၊ အောက်တိုဘာ ၄

မြန်မာ – ထိုင်းနယ် ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါတဲ့ အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်ပြီး အခုလို နယ်စပ်ကိုဝင်ရောက်လာတဲ့အချိန်မှာ ဖမ်းဆီခံခဲ့ရတာပါ။

အဲ့ဒီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုတော့ကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးရာမှာ ရောဂါမတွေ့ရှိရဘူးလို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေး၊ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်မားလာတာကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာမှုတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.