October 4, 2021

စစ်ကောင်စီရဲ့ တပ်မ ၂၂ ဌာနချုပ်ရှေ့ မိုင်းကွဲပြီးနောက် အရပ်သားတချို့ ထိုးကြိတ်ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ဘားအံမှာ မနေ့ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် အရပ်သားပြည်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုင်ဘာ ၃ ရက်နေ့ ည ၆ နာရီခွဲကျော်အချိန်က ဘားအံမြို့တပ်မ (၂၂)ဌာနချုပ်ရှေ့မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အုတ်တံတိုင်းနံရံအချို့ ပျက်စီးပြိုကျသွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က တပ်မရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှာဖွေစစ်ဆေးတာတွေလုပ်တဲ့အပြင် အဲ့ဒီညပိုင်းမှာပဲ ဘားအံမြို့…

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ မြန်မာ – ထိုင်းနယ် ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အမျိုးသား ၁၂…

ကျွဲခြံရွာတိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

သရက်ချောင်း၊ အောက်တိုဘာ ၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျွဲခြံရွာမှာ စစ်ကောင်စီတပ်နှင့်ဒေသခံ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ “မနေ့က တိုက်ပွဲအပြီး…