October 2, 2021

နယ်ခြားစောင့်တပ် (BGF) စစ်ဆေးဖမ်းဆီးတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်လာပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေ

မော်လမြိုင်၊အောက်တိုဘာ ၂ စစ်ကောင်စီရဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ရပြီးတဲ့နောက် ဘားအံမြို့မှာ နယ်ခြားစောင့်တပ် (BGF) တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေကို ပိုမိုလုပ်ဆောင်လာနေပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့မှာ အခုရက်ပိုင်းတွေအတွင်း BGF တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီစစ်ဆေးတဲ့အခါမှာလည်း…

မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅)ဦးကို အောက်တိုဘာလ (၁)ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူ အချုပ်သားတွေ ဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။ အကျဉ်းထောင် အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က…

ခြောက်လအတွင်းဖူးခက်ကမ်းခြေကို ဧည့်သည် တသန်းဝင်ရန် မျှော်မှန်းထား

ဘန်ကောက်၊ အောက်တိုဘာ ၁ လာမယ့်ခြောက်လအတွင်း ဖူးခက်ကမ်းခြေကို နိုင်ငံခြားသားခရီးသွား တသန်း ဝင်ရောက်ရန်နှင့် ဘတ် ၁၀ ဘီလီယံဝင်ငွေရရှိရန် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင် အဖွဲ့က နိုင်ငံကို ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က စီမံတဲ့ ယခုနှစ် နောက်ဆုံးသုံးလနှင့် လာမည့် ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း…