September 2021

ရေးမြို့နယ်က Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မော်လမြိုင်၊ စက်တင်ဘာလ ၂၃ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာရှိ Mytel တာဝါတိုင် မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီ Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့တာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ Mytel တာဝါတိုင်ကို ပြီးခဲ့တဲ့…

စစ်ကြောရေးရောက်နေတဲ့ တက္ကသိုလ်ကျောင်းသူ အရက်ပြန်ကို သောက်ပြီး သေကြောင်းကြံ

ထားဝယ်၊ စက်တင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုကို ခံနေရသည့် ထားဝယ်တက္ကသိုလ် အင်္ဂလိပ်​မေဂျာကျောင်းသူဟောင်း တစ်ဦး အရက်​ပြန်ကို သောက်ပြီး သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာ မစိုးမီမီကျော်၊ ကိုစိုးပြည့်အောင်နှင့်မသျှားပြည့်ခင်တို့ ၃ ဦးကို စစ်ကောင်စီ တပ်တွေက ဖမ်းဆီးခဲ့တာပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ…

စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်ကခနောက်စိမ်း စက်ရုံတွေ နေ့ရောညပါ လည်ပတ်နေ

မော်လမြိုင် စက်တင်ဘာ ၂၂ စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံတွေ နေ့ရောညပါ လုပ်ငန်း လည်ပတ်နေတယ်လို့ စက်မှုဇုန်အနီးရှိ ရပ်ကွက်နေပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခနောက်စိမ်းစက်ရုံတွေ နေ့ရောညပါ လည်ပတ်လာလို့ စက်ရုံက ထွက်ရှိနေတဲ့ အနံ့ဆိုးတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ “အရင်ကတော့ ခနောက်စိမ်းစက်ရုံတွေက တိုင်လိုက်ရင် နားလိုက်တယ်။ ပြီးရင်ပြန်လည်လိုက်နဲ့ပေါ့။ အခုနောက်ပိုင်းတော့…

ကျောက်မိုင်းလုပ်ငန်းတွေ အခွန်မသွင်းရင် လိုင်စင်ရုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ မွန်ပြည်နယ်ရှိ ကျောက်မိုင်း လုပ်ငန်းရှင်တွေအနေနဲ့ စက်တင်ဘာလကုန်အပြီး အခွန်မသွင်းရင် လိုင်စင်ရုတ်သိမ်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ကျောက်ထုတ်လုပ်မယ့် ကျောက်ကျင်း အရေအတွက် အပေါ်မူတည်ကာ တစ်ကျင်းကို ၅၀၀၀ ကျပ် နှုန်းဖြင့် အခွန်ငွေ ကြိုတင် သွင်းပေးကြဖို့နဲ့ အခွန်မသွင်းရင် လုပ်ငန်းလိုင်စင် ရုတ်သိမ်းမယ်လို့ ခြိမ်းခြောက်လာခဲ့တာ…

တိုက်ပွဲဖြစ်ပြီးနောက် KNU တပ်မဟာ ၃ ဘက်ကို စစ်ကောင်စီ အင်အားတိုးချဲ့လာ

မော်လမြိုင်၊ စက်တင်ဘာ ၂၂ ကျောက်ကြီးမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုတွေဟာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လုပ်ဆောင်နေလာတဲ့အတွက် ဒေသခံပြည်သူလူထုတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။ ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်က စစ်ကောင်စီတပ်သား အင်အားအပြည့်တင်ဆောင်လာတဲ့ စစ်ကား ၈ စီးနဲ့…

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်မြို့မှာ မနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ မောတောင်မြို့ သိန်ခွန်းကျေးရွာအုပ်စု အမှတ် – ၉ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုနဲ့ ဌာနဆိုင်ရာအဖွဲ့တွေ ကျေးရွာစစ်ဆေးရေးဂိတ်မှာ ကင်းစောင့်နေစဉ် ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက အုပ်ချုပ်ရေးမှူးကို…

မော်လမြိုင်မှာ စစ်ကောင်စီ မီတာခ လိုက်ကောက်

မော်လမြိုင် ၊ စက်တင်ဘာ ၂၂ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်း မီတာစာရေးတွေက မီတာခဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက်လံပေးဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မီတာဘေ လိုက်လံပေးဆောင်ရာမှာ အချို့ရပ်ကွက်တွေမှာ ၅ လစာ မီတာခပေးဖို့ အကြောင်းကြားလာသလို အချို့ရပ်ကွက်တွေမှာ ၇ လစာ မီတာခပေးဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။ မီတာခတွေကို…

ယာဉ်လိုင်းအများစု အပြီးပိုင် ရပ်နားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရ

မော်လမြိုင်၊ စက်တင်ဘာလ ၂၂ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်အတွင်းက ယာဉ်လိုင်းအများစု အပြီးပိုင် ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ခရီးသည် နည်းပါးလာတာ၊ ကုန်ပစ္စည်းတင်ပို့မှု နည်းပါးလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ “အခုက ကိုယ်ဟာကိုယ် အိတ်စိုက်ပြီး လုပ်နေရတယ်၊ ကားထွက်ရုံလောက်ပဲ…

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံသို့ ကိုဗစ် ၁၉ ဆိုင်ရာ အထောက်အပံ့များ တရုတ်အစိုးရပေးအပ်

ရန်ကုန်၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံသည် ကာကွယ်ဆေးများကို မြန်မာနိုင်ငံ၏ စစ်အစိုးရသို့သာမက ဗိုလ်ချုပ်မှူးကြီးများ၏ အဓိက ရန်သူများဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံသို့ ဖြန့်ဝေပေးလျှက်ရှိသည်။ တရုတ်နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စစ်ကို တိုက်ဖျက်နိုင်ရန်နှင့် တောင်ပိုင်းအိမ်နီးချင်း၏ ရှုပ်ထွေးနေသော နိုင်ငံရေးအခြေအနေများအတွင်း ၄င်း၏လက်တံကို အားကောင်ခိုင်မာနိုင်ရန် ဘက်နှစ်ဘက်စလုံးကို ကစားနေခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး မြန်မာနိုင်ငံကို ကျရှုံးသည်အထိ စွမ်းဆောင်သည့်အပြင်…

မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ ဒေသခံတွေကို စစ်ကောင်စီ အတင်းအဓမ္မ ခေါ်ဆောင်

ရေဖြူ ၊ စက်တင်ဘာ ၂၁ တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်ရှိ သစ်ကတိုးရွာသားတွေကို စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ လမ်းပြတွေအဖြစ် အတင်းအဓမ္မခေါ်ဆောင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဟာမြင်းကြီး သတ္တု မိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ ပျောက်ဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခိုးယူသွားသူတွေကို ရှာဖွေဖမ်းဆီးဖို့ တောနင်းရှာဖွေမှုတွေ စစ်ကောင်စီ ပြုလုပ်နေတာ ဖြစ်ပါတယ်။ “သူတို့တွေ တောထဲသွားရင် ဒေသခံ…