ထားဝယ်၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီးရှိ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို စက်တင်ဘာလ ၂၇ ရက်နေ့က ထားဝယ်ပျောက်ကြားတပ်ဖွဲ့(Guerrilla Dawei) သတိပေးလိုက်ပါတယ်။

လတ်တလောအခြေနေမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူ ၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တွေအတွက် ကျန်းမာရေးမှူး (၄)ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ရာထူးနေရာအတွက် ဝန်ထမ်းသစ် ၉၀ ဦးကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အတွက် CDM ဝန်ထမ်းတွေရဲ့ နေရာမှာ အလုပ်ရရှိဖို့ လျှောက်ထားကြသူတွေအနေနဲ့ ပြစ်ဒဏ်ခံရချိန်မှာ နောင်တမရကြဖို့လိုတယ်လို့ ထားဝယ်ပျောက်ကြားတပ်ဖွဲ့(Guerrilla Dawei) သတိပေးလိုက်တာပါ။



CDM ဝန်ထမ်းတွေနေရာမှာ အစားထိုးဝင်ကြတဲ့ သူတွေအနေဟာ စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ထောက်တိုင်အနေနဲ့ တာဝန်ထမ်းဆောင်ကြတဲ့အတွက် ထိရောက်တဲ့ပြစ်ဒဏ်ကို ခံစားစေရမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွက် CDM ဝန်ထမ်းတွေရဲ့ လစ်လပ်နေရာတွေမှာ သက်ဆိုင်ရာ ဌာနအလိုက် ဝန်ထမ်းအသစ် ခန့်ထားရေးအတွက် အလုပ်လျှောက်လွှာခေါ်ယူနေမှုများရှိနေသလို လျှောက်ထားသူ အရေအတွက်မှာလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.