မော်လမြိုင်၊စက်တင်ဘာလ ၂၇

မွန်ပြည်နယ်မှာ မီတာခ မဆောင်ရင် မီတာပံုးတွေ ပြန်သိမ်းယူဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ လျှပ်စစ်ဝန်ထမ်း‌ေတွက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မီတာခ မဆောင်ရင် မီးြဖတ်မယ်လို့ ဖိအာ‌းပေးလာပြီးနောက် အခုအခါမှာတော့ မီတာပုံးတွေကိုပါ ပြန်သိမ်းယူမယ်လို့ ြခိမ်း‌ေြခာက်လာတာ ဖြစ်ပါတယ်။

“ မီတာခ မပေးဆောင်ရင် ပထမအဆင့်အနေနဲ့ ၇ရက် (တစ်ပတ် )မီးဖြတ်မယ်၊ အဲ့ဒါမှမပေးရင် မီတာတွေကို ပြန်သိမ်းဖို့ အထိ ညွှန်ကြားချက်ပေးထားတာရှိတယ်” လို့ လျှပ်စစ်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ‌ေတာ့ စစ်ကောင်စီလျှပ်စစ်ဌာနက ပြည်သူတွေ မီတာခပေးဆောင်ကြဖို့ နေအိမ်တွေမှာ မီတာစာရွက်တွေ လိုက်လံဝေငှတာတွေ လုပ်ဆောင်နေပါတယ်။



အဲလို မီတာစာရွက်တွေ လိုက်လံဖြန့်ဝေရာမှာလည်း မီတာခတွေကို တလုံးတခဲတည်း ပေးဆောင်ကြဖို့ ဖိအားပေးလာလို့ အခက်အခဲ ရှိနေကြတာ ဖြစ်ပါတယ်။

“သူတို့တွေက လာပေးရင် ၆ လ အထိကို ဆောင်ခိုင်းတာတွေ ဆောင်တာနောက်ကျရင် ဒဏ်ကြေးကလည်း လ အလိုက်က တပ်ခံထိသေးတယ်၊ ဒီကာလကလည်း ဘယ်သူကမှ စီးပွားရေး အဆင်မပြေဘူး၊ အကုန်လုံးက ကြပ်တည်းနေကြတာတွေချည်းပဲ ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

မီတာခ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.