ဘီးလင်း၊ စက်တင်ဘာ ၂၀

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သား ၂ ဦး စက်တင်ဘာလ ၂၀ ရက်နေ့က KNU တပ်မဟာ(၁)ဘက်သို့ ဝင်ရောက်ခိုလှုံလာကြောင်း သိရပါတယ်။

CDM ပြုလုပ်လာရောက်ခိုလှုံသူ တပ်သား ၂ ဦးမှာ တပ်သား ရန်နောင်ဝင်းနှင့်တပ်သား ဇင်လင်းရန်တို့ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့ပဲ သူတို့ရောက်လာတာဖြစ်တယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ထား ထားပါတယ်။ လူချည်းပဲ ရောက်လာတာဖြစ်ပါတယ်။ လက်နက်မပါဘူး”လို့ KNU တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့မှာ အင်အား (၉၅) ဦးရှိပြီး ခမရ(၄၀၆)တပ်ရင်းမှ တပ်ရင်းမှူးကျော်ကျော်လတ်နှင့် BGF တပ်မှ တပ်ခွဲမှူးကျော်လဲ့တို့ ဦးဆောင်လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လေးကေကျေးရွာအခြေစိုက်ပူးပေါင်းအဖွဲ့ထံ လာရောက်ခိုနားခဲ့တဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ကြသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းကို ရိက္ခာနဲ့ တပ်အချိန်းပြောင်းလုပ်ဖို့ ထွက်ခွာသွားစဉ်မှာ မြစ်ကျိုးဒေသခံတွေကို ခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ပုံ – KNU တပ်မဟာ(၁)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.