တိုက်ပွဲတွေ ပိုစိပ်လာလို့ ကရင်စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်နေ
မော်လမြိုင်၊ စက်တင်ဘာ ၁၀ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဖာပွန်ခရိုင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ သောင်းချီခန့်ရှိနေပြီး သူတို့တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထံကနေ သိရပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဖြစ်ပွားမှုတွေကြောင့် ဒေသခံပြည်သူလူထုဟာ ကျေးရွာကိုစွန့်ခွာရပြီး နီးစပ်ရာတောထဲတောင်ထဲနဲ့ မြို့တွေပေါ်ကို သွားရောက်တိမ်းရှောင်နေခဲ့ရပါတယ်။ “အခုက လက်နက်ကြီးတွေက နေ့တိုင်းလိုလိုပစ်ချတယ်။ စစ်ရှောင်တွေကလည်း…