ထားဝယ်၊ စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ၂ နာရီကျော်ကြာ ဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေ့လည် ၂ နာရီကျော်မှ ညနေ ၄ နာရီကျော်သည်အထိ တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

“နေ့လည်က တယ်လီနော၊ အော်ရီဒူးဖုန်းလိုင်းတွေမရဘူး။ မိုင်တဲနဲ့အမ်ပီတီဘဲရတယ်။ ပြီးတော့ လေယာဉ်တွေလဲ ပျံနေတာတွေ့ရတယ်။ဘာတွေတက်ဖြစ်လာမလဲဆိုတော့ မသိဘူး။ ညနေပိုင်းမှ ဖုန်းလိုင်းတွေလဲပြန်ရတယ်”လို့ ထားဝယ်ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

နေ့လည်ပိုင်းမှာ ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေပေမယ့် ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်မှာ လူငယ်တွေဦးဆောင်ပြီး “NUG အစိုးရ တရားဝင် အသိအမှတ်ပြုမှု ရရှိရေးနှင့်ပြည်သူ့စစ်သား/ရဲတပ်သားများ ကြိုဆိုကြောင်း”ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ယနေ့ညနေပိုင်းမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ဦးဆောင်ကာ လောင်းလုံမြို့နယ်အတွင်းရှိ အမျိုးသမီးများ၊ လူငယ်များ အပါအဝင် အခြေခံပညာကျောင်းသးကျောင်းသူများပူးပေါင်းပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.