September 4, 2021

ဒေါက်ရပ်ကျေးရွာမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ ၊ မြေးဖြစ်သူပါ ဒဏ်ရာရ

ဘီးလင်း၊ စက်တင်ဘာလ ၄ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရပြီး မြေးဖြစ်သူပါ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ညနေ ၄ နာရီကျော်ခန့်မှာ ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့် အသက် ၅၈ နှစ်ဆိုသူမှာ မြေးဖြစ်သူနှင့်အတူ နေအိမ်မှ ကျေးရွာထိပ်သို့ ထွက်လာစဉ် ဆိုင်ကယ်ဖြင့်လာသူ အမျိုးသား ၂ ဦးမှ…

မော်လမြိုင်မြို့နယ်အတွင်းက အခြေခံပညာကျောင်းနဲ့ ရုံး‌တွေကို စီမံအုပ်ချုပ်ဖို့ ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်း

မော်လမြိုင်၊စက်တင်ဘာ ၄ မော်လမြိုင်မြို့နယ်အတွင်းက အခြေခံပညာကျောင်း‌တွေနဲ့ ရုံး‌တွေကို စီမံအုပ်ချုပ်ဖို့နဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ) ကို ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ကို စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ CDM ပညာရေးဝန်ထမ်း ကိုယ်စားလှယ်တွေ၊ ရုံးဝန်ထမ်းကိုယ်စားလှယ်တွေ၊ ကျောင်းသား/သူ ကိုယ်စားလှယ်တွေနဲ့ မိဘကိုယ်စားလှယ် အပါအဝင် စုစုပေါင်းအဖွဲ့ဝင် (၂၂)…

အခြေခံလူတန်းစားတွေ စားရေးသောက်ရေး ပိုမိုခက်ခဲလာကြ

မော်လမြိုင် စက်တင်ဘာ ၄ စစ်တပ် အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းသက်ရောက်မှုကြောင့် အခြေခံလူတန်းစားတွေ စားရေးသောက်ရေး ပိုမိုခက်ခဲလာကြပါတယ်။ အခြေခံလူတန်းစာတွေဟာ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ အလုပ်အကိုင် မရှိတာ၊ ဝင်ငွေ မရှိကြလို့ မိသားစု စားရေးသောက်ရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြတာပါ။ “အရင်က ပုံမှန်အချိန်ဆိုရင် တစ်ရက်ကို (၈၀၀၀) ကျပ်၊ (၁၀၀၀၀) ကျပ်လောက်က ပုံမှန်လေးရတယ်။ အခုက တစ်ရက်ကို…

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲ တော်လှန်သွားမယ်လို့ KNU တရားဝင် ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ ၄ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲသွားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမယ်လို့လည်း ကေအဲန်ယူရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Karen National Union Headquarters က ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီကြေညာချက်ကိုတော့ အင်္ဂလိပ်၊ မြန်မာ၊ ကရင်ဘာသာ စကား ၃ မျိုးနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။…

မုတ္တမပင်လယ်ကွေ့မှာ တရားမဝင်ငါးဖမ်းမှု နှစ်ဆနီးပါး မြင့်တက်

မော်လမြိုင်၊ စက်တင်ဘာလ ၄ မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ စစ်တောင်းမြစ်ဝ ပင်လယ်ပြင်မှာ တရားမဝင်ငါးဖမ်းပိုက်နဲ့ ငါးဖမ်းဆီးသူတွေဟာ အရင်ကာလကထက် ၂ ဆ နီးပါး မြင့်တက်လာတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိ Covid -19 တတိယလှိုင်းနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပင်လယ်ပြင် ကင်းလှည့် စစ်ဆေးရေး လုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက်…

သထုံမြို့နယ် ပုရစ်ခိုကျေးရွာအနီး BGF ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

သထုံ၊ စက်တင်ဘာ ၄ သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးမှာ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက BGF တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ကာ BGF တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက ​ပြောပါတယ်။ “မနေ့က မိုင်းထိပြီး သူတို့ဘက်က ကားတစ်စီးထိခိုက်တယ်လို့ သိရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး အဲနားမှာလည်း ဘယ်သူမှ မရှိတော့လို့ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။…

ကိုဗစ်ကြောင့် ဈေးမဖွင့်နိုင်လို့ ရာနဲ့ချီတဲ့ ဆိုင်ခန်းတွေကို ပြန်အပ်

မော်လမြိုင် ၊ စက်တင်ဘာ (၄) မော်လမြိုင်မြို့က စျေးကြီးတွေမှာ ကိုဗစ် -၁၉ ကြောင့် ယခင်လို စျေးပြန်မဖွင့်နိုင်တဲ့အတွက် ရာနဲ့ချီတဲ့ ဆိုင်ခန်းတွေကို ပြန်အပ်လာကြတယ်လို့ စျေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ မော်လမြိုင်မြို့ အမှတ်(၁)စျေးကြီးနှင့် မြိုင်ရတနာစျေးတို့မှာ ဆိုင်ခန်းအားလုံး ပြန်မဖွင့်နိုင်သေးဘဲ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချတဲ့ ဆိုင်တွေသာ ဖွင့်လှစ်ခွင့် ရနေပါတယ်။ အခြားကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ခန်းတွေကတော့ နှစ်လကျော်အကြာ…

ဩဂုတ်လအတွင်း တိုက်ပွဲ (၂၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား (၁၆၆)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ(၄) ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့နှင့် စစ်ကောင်စီတပ်တို့က သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ( ၂၁၇ ) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဗဟိုက စက်တင်ဘာလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ ၁ မှာ (…