မော်လမြိုင်တက္ကသိုလ်မြင်ကွင်း

မော်လမြိုင်၊ သြဂုတ် ၁၉

မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို သြဂုတ် ၁၈ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဒီတက္ကသိုလ် အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်တဲ့ အောင်စာရင်းလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တက္ကသိုလ်ပြန်တက်တဲ့ ကျောင်းသားတွေရဲ့ အဖြေလွှာတွေကို မအောင်မနေရ ပုံစံမျိုး စစ်ခိုင်းခဲ့ပြီး‌ေနာက် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က စစ်ကောင်စီရဲ့ မအောင်မနေရ မော်လမြိုင် တက္ကသိုလ် အောင်စာရင်း ထုတ်ပြန်မှုကို အချက်အလက် စိစစ်ရာမှာ ပဉ္စမနှစ် ဥပဒေဘာသာက တက်ရောက်သူ ၄၃ ဦးမှာ ၄၂ ဦးစလုံး အောင်မြင်ခဲ့ပြီး စာမေးပွဲ လာမ‌ဖြေသူ တစ်ဦးသာ ကျရှုံးခဲ့တာပါ။

ဒါ့အပြင် ဘာသာရပ်အလိုက်နဲ့ အတန်းအလိုက် အောင်စာရင်း စိစစ်ရာမှာလည်း စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား အားလုံး အောင်မြင်နေတာ တွေ့ရပါတယ်။

မော်လမြိုင်တက္ကသိုလ်အောင်စာရင်းမှာ ပါရှိတဲ့သူတွေဟာ တက္ကသိုလ်နဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အောင်လက်မှတ်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မော်လမြိုင်တက္ကသိုလ်ကိုတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ကာ ကျောင်းသူ၊ကျောင်းသား
၁၀၀ ကျော် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.