March 20, 2021

မနေ့ညက ပေါင်မှာ အမျိုးသားသုံးဦး ပစ်ခတ်ခံရ ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး

ပေါင် ၊ မတ် (၂၀) ပေါင်မြို့နယ်မှာ မတ်လ(၁၉)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ပေါင်မြို့မှာ မနေ့ညပိုင်း (၁၁)နာရီခန့်က အမျိုးသားသုံးဦး ဆိုင်ကယ်နှင့် အပြင်ထွက်သွားလာရာမှာ ပေါင်မြို့မရဲစခန်းအနီး လုံခြုံရေးယူနေတဲ့ အကြမ်းဖက် စစ်အုပ်စုက သေနတ်နှင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပစ်ခတ်လို့ တစ်ဦးကတော့ နေရာမှာတင်…

အာဏာသိမ်းပြီးနောက် မတ်ပဲစျေးဆက်တိုက်ကျလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်

မော်လမြိုင် ၊ မတ် (၂၀) စစ်တပ်အာဏာသိမ်းပြီး(၄၈)ရက်အကြာ မွန်ပြည်နယ် စျေးကွက်မှာ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းနေလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်နေပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကနေ ယခုချိန်ထိ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းလာတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် ကျပ် ၅၀၀၀ ၊ ၁၀၀၀၀ နှုန်းစီ ဆက်တိုက် စျေးနှုန်းကျဆင်းလာတာလို့ ဆိုပါတယ်။ စျေးနှုန်းကျဆင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတွေ…