March 16, 2021

နစကမှာ ဆက်လက်ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် အများစု သဘောတူ

မော်လမြိုင် ၊ မတ် (၁၆) အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ဆက်လက်ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် အများစုက သဘောတူခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ သံဖြူဇရပ်မြို့မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ။ ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ဗဟိုကော်မတီဝင် (၉၀) ဦးအနက် ၄ ဦးက ပျက်ကွက်ခဲ့ပြီး နစကမှာ…

တပ်က ဖိအားပေးခြိမ်းခြောက်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေ CDM မှာ ဆက်လက်ပါဝင်

မော်လမြိုင် ၊ မတ် (၁၆) စစ်တပ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိပေမယ့် သထုံခရိုင်က ကျန်းမာရေးဝန်ထမ်းတွေဟာ CDM မှာ ဆက်လက်ပါဝင်တဲ့အနေနှင့် ဝန်ထမ်းအိမ်ယာကနေ ဒီကနေ့မှာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ သထုံခရိုင် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းအများစုဟာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ လုပ်ငန်းတာဝန်မထမ်းဆောင်သည့် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတာပါ။ မတ်လ (၁၅)ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်တာဝန်ရှိသူတွေနှင့်ရဲတွေက…