March 2, 2021

မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

မော်လမြိုင် ၊ မတ် (၂) မွန်ပြည်နယ်အတွင်း မော်လမြိုင် မုဒုံ သံဖြူဇရပ် အစရှိတဲ့ မြို့အဝင်အထွက်နေရာတွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စစ်ဆေးခံခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲနဲ့တပ်တို့ ပူးပေါင်းပြီးတော့ မြို့ဝင်မြို့ထွက် ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေ ကားတွေကို ရပ်တန့် စစ်ဆေးတဲ့အပြင် ဖုန်းနဲ့ အိတ်တွေကိုပါ ရှာဖွေစစ်ဆေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ခရီးသွား ပြည်သူတွေက…

ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ကျိုက်မရော ၊ မတ် (၂) NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ဝင် (၂၂) ဦးပါဝင်တဲ့ ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရပ်မိရပ်ဖတွေ ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားသမဂ္ဂ…

ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီးနောက် အဆက်အသွယ်မရလို့ ဒေါ်မာမာခိုင် မိသားစုဝင်တွေ စိုးရိမ်

မော်လမြိုင် ၊ မတ် (၂) သထုံမြို့က NLD ပါတီ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ သူရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် တစ်ပတ်ကျော် ကြာတဲ့အထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေပိုင်းမှာ ဒေါ်မာမာခိုင်နဲ့ သူ့ရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး…