February 23, 2021

ဆန်ပြတ်လပ်မှာကို စိတ်ပူစရာ မလိုဘူးလို့ ဆန်ကုန်သည်များအသင်း ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃) လက်ရှိ နိုင်ငံအကြပ်အတည်းကာလကြောင့် ဆန်ပြတ်လပ်မှာကို စိတ်ပူစရာ မလိုဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်းက ပြောပါတယ်။ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်လာလို့ ပြည်သူအကြားမှာ စိုးရိမ်မှုတွေလည်း ရှိလာနေပါတယ်။ အချို့ပြည်သူတွေဟာ စိုးရိမ်စိတ်တွေကြောင့် ဆန်နဲ့အတူ မီးဖိုချောင်သုံးပစ္စည်းတွေကို အလုအယက် ဝယ်ယူခဲ့လို့ စျေးကွက်မှာ ပြတ်လပ်ပြီး စျေးနှုန်း…

CDM ဆရာဝန်တွေရဲ့ လစာလျော့ပါး ပျောက်ဆုံးရင် ဆေးရုံအုပ် တာဝန်ခံရမယ်လို့ သတိပေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃) စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေစဉ် လစာတွေ လျော့ပါးပျောက်ဆုံးရင် ဆေးရုံအုပ်ကြီး တာဝန်ခံရမယ်လို့ မော်လမြိုင်က လက်ထောက် ဆရာဝန်တွေက သတိပေး ကြေညာလိုက်ပါတယ်။ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ ​မော်လမြိုင်အမျိုးသမီးနဲ့ကလေး ဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေဟာ စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ ဆေးရုံမလာဘဲ CDM…

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကော်နဲ့ နိုင်ငံရေးပါတီများဆွေးနွေးပွဲ မွန်ပါတီ တက်မည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃) အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို မွန်ညီညွတ်ရေးပါတီက တက်ရောက်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမည်ဟုဆိုပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော…