February 18, 2021

စစ်အာဏာသိမ်းပြီးနောက် အခြေခံ စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေ ရှိလာတဲ့အတွက် အခြေခံစာသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်။ အခုလို ဆန္ဒဖော်ထုတ်မှုတွေနေရာအနှံ့ ရှိလာတဲ့အတွက် ပြည်သူတချို့က စိုးရိမ်စိတ်တွေ မြင့်တက်ပြီး စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းခဲ့ကြတာပါ။ အခုလို အခြေအနေတွေကြောင့် စားသောက်ကုန်တချို့ဟာ စျေးကွက်မှာ ပြတ်လတ်သွားပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စျေနှုန်းတွေ…

စစ်အာဏာသိမ်းပြီးနောက် ရာဘာ စျေးကွက်ပျက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) စစ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတချို့ ရပ်တန့်ခဲ့လို ငွေကြေးစီးဆင်းမှု ပြတ်တောက်ပြီး ရာဘာစျေးကွက်မှာ အရောင်းအဝယ် မရှိတော့ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုတွေမှာ ဘဏ်ဝန်ထမ်းတွေ ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ရပ်နားထားရပါတယ်။ အခုလို အခြေအနေတွေကြောင့် လက်ထဲမှာ ငွေကြေးပြတ်တောက်နေတဲ့အတွက် ရာဘာ အရောင်းအဝယ် မလုပ်နေဘူးလို့…

ရုံးတက်နေတဲ့ ဝန်ထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ လူငယ်တွေ ထိုင်သပိတ်လုပ်ပြီး တောင်းဆို

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) ရုံးတက်နေတဲ့ ဝန်ထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ မော်လမြိုင်မြို့က လူငယ်တွေဟာ ကမ်းနားလမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ထိုင်သပိတ်လုပ်ပြီး တောင်းဆိုနေပါတယ်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုကို နိုင်ငံတဝှမ်းက ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ပုဂ္ဂလိက ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။ မွန်ပြည်နယ်မှာတော့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အများစုက CDM…