February 17, 2021

အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇) စစ်တပ် အာဏာသိမ်းပြီးနောက်မှာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ NLD အစိုးရ ခေါင်းဆောင်တွေကို တပ်ကဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ “အခုက…

CDM ကြောင့် ဘဏ်တွေပိတ်လို့ လုပ်ငန်းရှင်တွေ အခက်တွေ့

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇) CDM ‌ကြောင့် ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားပြီးနောက် ငွေကြေးစီးဆင်းမှု ပြတ်တောက်ပြီး လုပ်ငန်းရှင်တချို့ အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။ အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေအပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာတော့ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ရိုးမဘဏ်ခွဲ၊ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ၊ သမဝါယမဘဏ်ခွဲ၊…