February 16, 2021

CDM မှာထွေအုပ်ဝန်ထမ်းတွေ ပါဝင်မှု အားနည်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” လှုပ်ရှားမှုတွေမှာ ထွေအုပ်ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အားနည်းနေတယ်လို့ ဆန္ဒဖော်ထုတ်နေသူတွေက ပြောပါတယ်။ စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ…

CDM ဝန်ထမ်းတွေကို ဖိအားပေး ထွက်ခိုင်းတဲ့ ရထား ပြည်သူတွေ ပိတ်ဆို့ဆန္ဒပြလို့ နောက်ပြန်ဆုတ်ရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) CDM လုပ်နေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတချို့ကို ဖိအားပေးပြီး ထွက်ခိုင်းခဲ့တဲ့ မော်လမြိုင်-ရန်ကုန် အစုန်ရထားကို ပြည်သူတွေက ပိတ်ဆို့ပြီး ဆန္ဒဖော်ထုတ်ခဲ့လို့ ရထားနောက်ပြန်ဆုတ်ခဲ့ရပါတယ်။ မော်လမြိုင်မြို့မှာ တာဝန်ကျတဲ့ မီးရထားဝန်ထမ်းအများစုဟာ စစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ မီးရထားဝန်ထမ်းတချို့ကို…

CDM ကြောင့် ပုဂ္ဂလိက ဘဏ်အများစု ပိတ်ထား

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းအများစု ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်တွေ ပိတ်ထားပါတယ်။ စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်း အများစုပါဝင်ခဲ့လို့…