မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁)

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ လူငယ်အဖွဲ့တွေဟာ သူတို့ရဲ့ ဆန္ဒပြမှုများကို ပိုမိုပြင်းထန်စေရန်နှင့် ယခုနှစ်တွင် လူဦးရေ နှစ်သန်းကို စုရုံးနိုင်ရန် ကတိပြုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဆန္ဒပြမှုတွင် အရေးပါတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Panusaya “Rung” ဟာ ဆန္ဒပြသူဦးရေ ၂ သန်းပါဝင်ရေး ရည်မှန်းချက်အပါအဝင် ပြင်ဆင်ထားတဲ့အစီအစဉ်ကို ကြေညာခဲ့ပြီး ဘန်ကောက်တရားရုံးက ၎င်းတို့ရဲ့ ခေါင်းဆောင် ၄ ဦး အား ဘုရင့်နန်းတော်ကို အသရေဖျက်မှုဖြင့်  တရားစွဲဆိုခံထားရပြီး ထိုသူတွေကို ပြန်လွှတ်ပေးခဲ့တာမရှိတဲ့အပြင် အာမခံလည်းပေးထားတာမရှိဘူးဆိုပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ၁၉ ရက်အထိ စီစဉ်ထားတဲ့ ဆင်ဆာလုပ်ခြင်းနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်ပေးဖို့ သူမရဲ့ ထောက်ခံသူများအား တောင်းဆိုခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ ဗုဒ္ဓဟူးနေ့က Pathumwan လမ်းဆုံတွင် စုရုံးခဲ့ပြီး ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြကာ အာမခံငွေကို ငြင်းဆန်ခဲ့ခြင်းကြောင့် အာဏာပိုင်တွေဟာ ထိပ်တိုက်ရင်ဆိုင်ရန် ရပ်တည်မှုကို ပြသနေသည်ဟု သူမကဆိုပါတယ်။

စုစုပေါင်း ဆန္ဒပြသူဦးရေ ၁၀၀၀ ခန့်စုဝေး၍ ဆန္ဒပြခေါင်းဆောင် (၄) ဦးဖြစ်တဲ့ Parit Chiwarak၊ Arnon Nampa၊ Patiwat Saraiyaem နှင့် Somyot Prueksakasemsuk တို့အား ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူများဟာ လူစုလူဝေးထိန်းချုပ်သည့် ရဲအရာရှိများ၏ လုံခြုံရေးတင်းကျပ်မှုရှိနေတဲ့ MBK စင်တာရှေ့လမ်းk တစ်လျှောက် ပိတ်ဆို့နေရာယူခဲ့ကြပြီး ရဲအရာရှိတွေကို လှောင်ပြောင်ခြင်း၊ သူတို့တွေမှာ ပါလာတဲ့ အိုးတွေ ခွက်တွေကို ရိုက်ပြီး သံပုံးတီးလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုဖြစ်တဲ့ အိုး၊ခွက်တွေကို တုတ်တွေနဲ့ရိုက်ခတ် အသံပြုခြင်းဖြင့် နတ်ဆိုးများကို နှိမ်နင်းနိုင်သည်ဟု လက်ခံကာ သံပုံးတီးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဒီလိုပြုလုပ်ခြင်းဟာ လက်ရှိအနေဖြင့် ဆန်ဝယ်ရန် ဆင်းရဲလွန်းတာကြောင့် ဗလာကျင်းဖြစ်နေတဲ့ အိုးတွေကို အသုံးပြုကြတာဖြစ်တယ်လို့  အဓိကဆန္ဒပြခေါင်းဆောင် Panupong Jadnok က ပြောပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်များကို ပြန်လွှတ်ပေးခြင်းအပြင် ဆန္ဒပြသူတွေဟာ ယခင်က ဆန္ဒပြပွဲတွေမှာ ဖော်ပြခဲ့တဲ့ တောင်းဆိုချက် သုံးခုဖြစ်တဲ့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကို ရာထူးမှနှုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံဥပဒေ ပြောင်းလဲရေးနဲ့ ဘုရင်စနစ်ကို ပြန်လည်ပြုပြင်ပြောင်းလဲမှုတွေကိုဘဲ အပြင်းအထန်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ထိုဆန္ဒပြပွဲတွင် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်အပါအဝင် ဆန္ဒပြသူ ၁၀ ဦး ကိုဖမ်းဆီးခံရပြီး ကလေးငယ် နှစ်ဦးကို ထိုင်းဘတ်ငွေ ၅၀၀၀ စီဖြင့်ပြန်လွှတ်ပေးခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် Ms Panusaya က ပြောပါတယ်။

မင်းဟံတလမွန်

REF -Bangkhok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.