February 10, 2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ထိုင်းဝန်ကြီးချုပ်ထံ ဒီမိုကရေစီအတွက်ထောက်ခံမှု တောင်းခံ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ဒီမိုကရေစီကို ထောက်ခံဖို့ရန် စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး ၂၀၁၉ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်က သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့…

(၄)ရက်မြောက်နေ့ ဆန္ဒဖော်ထုတ်မှု ဌာနဆိုင်ရာဝန်ထမ်း အများစု ပါဝင်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) ဖေဖော်ဝါရီလ (၁၀)ရက်နေ့ မော်လမြိုင်မြို့ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစု ပါဝင်ခဲ့ပြီး ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ ၊ လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းတွေ ၊ LGBT အသိုင်းအဝိုင်းတွေနဲ့ ဝန်းရံသူ ပြည်သူတွေက ဆန္ဒဖော်ထုတ်မှုတွေမှာ တက်တက်ကြွကြွပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲအရာရှိတစ်ဦးမှလည်း…

မော်လမြိုင် ဆန္ဒဖော်ထုတ်မှု ရဲအရာရှိ(၁)ဦး ပူးပေါင်းပါဝင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်ပွဲမှာ ရဲအရာရှိတစ်ဦးက ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ မော်လမြိုင်မြို့မှာတော့ စစ်အစိုးရ ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေကို အရှိန်အဟုန် မပျက်ဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ ဝန်းရံမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပါတယ်။ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းအများစုက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရဲအရာရှိ တစ်ဦးကလည်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ…