February 9, 2021

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်မယ့်ကိစ္စ မွန်ညီညွတ်ရေးပါတီ ပြန်လည်ဆွေးနွေးမည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉) အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်မှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ပြန်လည်ဆွေးနွေးသွားဖို့ ရှိတယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင် အများစု ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း…

ဆန္ဒပြပွဲ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ ယာယီဆေးရုံ ဖွင့်လှစ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉) ဆန္ဒပြပွဲမှ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ မော်လမြိုင် ဘိုကုန်းရပ် ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်မှာ ယာယီဆေးရုံကို ဖွင့်လှစ်ထားပါတယ်။ ဒီဆေးရုံမှာတော့ ထိခိုက်ဒဏ်ရာ ရလာသူတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကျန်းမာရေးစောက်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စေတနာဝန်ထမ်း ဆရာဝန် (၃၀)ကျော် ရှိပြီး ယာယီဆေးရုံမှာ…